အဆိုပါပွဲကို ဘယ်လိုမှတောင် ကြည့်လို့မရခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ရွန်နီကဖွင့်ဟခဲ့ပြီး ကစားသမားတွေရဲ့ ကွင်းတွင်းအားထုတ်မှုက လက်သင့်ခံနိုင်စရာမရှိဘူးလို့လည်း ဆိုလိုက်ပါတယ်။
လီဗာပူးလ်ကို ၅-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ အသင်းဟောင်းရဲ့အဖြစ်ဆိုးနဲ့ပတ်သက်ပြီး ယူနိုက်တက်နာမည်ကျော်တိုက်စစ်မှူးဟောင်းဝိန်းရွန်နီက အကြီးအကျယ်ဒေါသထွက်ကာ လက်ရှိအသင်းသားတွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။ အဆိုပါပွဲကို ဘယ်လိုမှတောင် ကြည့်လို့မရခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ရွန်နီကဖွင့်ဟခဲ့ပြီး ကစားသမားတွေရဲ့ ကွင်းတွင်းအားထုတ်မှုက လက်သင့်ခံနိုင်စရာမရှိဘူးလို့လည်း ဆိုလိုက်ပါတယ်။
ရွန်နီက "လီဗာပူးလ်နဲ့ပွဲက ကြည့်ဖို့ကို တော်တော်လေးခက်ခဲခဲ့ရပါတယ်၊ ကစားသမားအများစုက နောက်ကိုပြန်မပြေးချင်တာကိုလည်း ကျွန်တော်မြင်နေရတယ်၊ ခုခံကာကွယ်လိုစိတ်မရှိဘူး၊ အသင်းအတွက်ဘာမဆိုပေးဆပ်မယ်ဆိုတာမျိုးလည်း သူတို့မှာမရှိဘူး၊ ဒါကလက်ခံနိုင်စရာမရှိပါဘူး၊ သူတို့တွေ နာကျင်ခံစားတတ်ဖို့လိုပါတယ်၊ ပွဲတစ်ပွဲရှုံးချိန်မှာ ဘယ်လောက်ထိနာကျင်ရလဲဆိုတာကို ခံစားတတ်ဖို့လိုပါတယ်"
"ဒီပွဲရလဒ်က ကစားသမားတွေမှာ တာဝန်အရှိဆုံးပါ၊ သူတို့က ကမ္ဘာ့အဆင့်ကစားသမားတွေ၊ နိုင်ငံတကာကစားသမားတွေဖြစ်ပြီး ယူနိုက်တက်လိုအသင်းက သူတို့ဆီကနေ ဒီထက်မကလိုအပ်နေတာပါ၊ ကိုယ့်ကိုကိုယ်မေးခွန်းပြန်ထုတ်ကြပါ၊ သူတို့ရဲ့အလုပ်အတွက် ငွေကြေးအများအပြားကို ကစားသမားတွေရရှိနေတာဖြစ်ပါတယ်၊ သူတို့အားထုတ်မှုက လုံလောက်နေတယ်လို့ ကျွန်တော်ကတော့မထင်ဘူး" လို့ ရွန်နီက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။
ဒါဟာ နဗီးလ်၊ ပေါလ်စခိုးတို့က ကစားသမားတွေကို ပြစ်တင်မှုတွေလုပ်အပြီးမှာ နောက်ထပ်ယူနိုက်တက်ကစားသမားဟောင်းတစ်ဦးရဲ့ ပြောဆိုခဲ့မှုလည်း ဖြစ်လာခဲ့ပါတယ်။