တညလုံးအိပ်မရအောင် လုပ်ခဲ့ပေမယ့် ၂ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။

မန်ချက်စတာဒါဘီပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပြီး အကောင်းဆုံးခြေစွမ်းကို ပြသခဲ့တဲ့ မန်စီးတီးကွင်းလယ်လူဒီဘရိုင်းက အဆိုပါပွဲမတိုင်ခင်မှာ သူ့ရဲ့ ယူနိုက်တက်ပရိသတ်သူငယ်ချင်းတွေက သူ့ကို အိပ်ရေးပျက်အောင် လုပ်ခဲ့ကြတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ဒါဘီပွဲမှာ သူ ခြေစွမ်းမပြနိုင်အောင် သူငယ်ချင်းတွေက နောက်ပြောင်ကျီစယ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ပွဲအပြီးမှာ CityTV ကတဆင့် ဒီဘရိုင်းက ပြောဆိုခဲ့ရာမှာ "ဘယ်လ်ဂျီယံကရောက်လာတဲ့ သူငယ်ချင်းတွေအများကြီး ကျနော့်မှာရှိတယ်၊ အဲဒီထဲမှာ ယူနိုက်တက်ပရိသတ် ၃ ယောက်ပါတယ်ဗျ၊ ဒီပွဲမတိုင်ခင် ကျနော် တညလုံးအိပ်မရအောင် သူတို့လုပ်ခဲ့ပြီး ကောင်းကောင်းမကစားနိုင်အောင် ရည်ရွယ်ခဲ့တာလေ၊ ဒါပေမယ့် ကျနော်အိမ်ပြန်ရောက်လို့ သူတို့နဲ့လည်းတွေ့ရင် အားပါးတရရယ်လို့ရပါပြီ" လို့ ဆိုပါတယ်။ 

အဆိုပါပွဲမှာ မန်စီးတီးအသင်းခေါင်းဆောင်အဖြစ် ဒီဘရိုင်းက တာဝန်ယူခဲ့ပြီး သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းအတွက် ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့သလို ကွင်းလယ်ပိုင်းကနေလည်း ထိန်းချုပ်ကစားနိုင်ခဲ့ကာ ပြိုင်ဘက်ယူနိုက်တက်အသင်းကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

ဒီအတွက်ကြောင့် သူ့ သူငယ်ချင်းတွေရဲ့ ရည်ရွယ်ချက်က ပျက်စီးခဲ့ရပြီး ဘယ်လ်ဂျီယံကြယ်ပွင့်က ၂ ဂိုးတောင်သွင်းယူနိုင်ခဲ့ပါသေးတယ်။ မန်စီးတီးကတော့ ဒါဘီပွဲအနိုင်ရပြီးနောက် အမှတ်ပေးဇယားမှာ လီဗာပူးလ်ကို ၆ မှတ်အသာနဲ့ ဦးဆောင်နေဆဲဖြစ်ပါတယ်။ လီဗာပူးလ်ကတော့ တပွဲလျော့ကစားထားပြီး လက်ကျန်ပွဲအနိုင်ရပါက ၃ မှတ်အကွာနဲ့ ဖိအားပေးနိုင်မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က