ပေါင်တစ်ဘီလီယံကွင်းသစ်ကြီးတည်ဆောက်ထားခဲ့တာပါ။

အသင်းအနေနဲ့ ပေါင် ၆၃၇ သန်းအထိ ပေးချေဖို့ကျန်နေသေးပြီး လွှဲပြောင်းခ ပေါင် ၈၃သန်းလည်း ပေးချေရဦးမှာဖြစ်တယ်လို့ သိရတာကြောင့် လီဗိုင်းက ဟယ်ရီကိန်းကို ရောင်းချပြီး ဖြေရှင်းသွားဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။


ဒီရာသီကို ပြီးဆုံးအောင်မကစားနိုင်ပါက အသင်းဘဏ္ဍာရေးအခြေအနေအတွက် စိတ်ပူနေရတဲ့ စပါးအသင်းရဲ့ဥက္ကဌလီဗိုင်းဟာ တိုက်စစ်မှူးဟယ်ရီကိန်းရဲ့ ရာသီဖျက်သိမ်းသင့်တယ်ဆိုတဲ့ မှတ်ချက်အပေါ်မှာ ဒေါသထွက်နေတယ်လို့ သိရပါတယ်။ စပါးအသင်းကတော့ ကွင်းသစ်ကြီးတည်ဆောက်မှုအတွက် ပေးချေစရာတွေ ကျန်ရှိနေသေးပြီး အခက်ကြုံနေရတာဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ လီဗိုင်းဟာ ကွင်းသစ်ကြီးဆောက်လုပ်မှုအတွက် ကုန်ကျမှုတွေကိုကာမိစေဖို့ ဟယ်ရီကိန်းကို ပေါင်သန်း ၂ဝဝနဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါဟာ အသင်းကနေ ဟယ်ရီကိန်းထွက်ခွာဖို့ ဆန္ဒတောင်းဆိုလာခဲမ့ယ်ဆိုရင် ခွင့်ပြုသွားဖွယ်ရှိနေပြီဆိုတဲ့ သဘောလည်းဖြစ်လာခဲ့ပါတယ်။ 

တော့တင်ဟမ်အနေနဲ့ ပေါင်တစ်ဘီလီယံတန်ကွင်းသစ်ကြီးတည်ဆောက်ထားတာကြောင့် အခြားသောပရီးမီးယားလိဂ်အသင်းတွေထက် ဘဏ္ဍာရေးပြသနာကို စိုးရိမ်နေရတာဖြစ်ပါတယ်။ အသင်းအနေနဲ့ ပေါင် ၆၃၇ သန်းအထိ ပေးချေဖို့ကျန်နေသေးပြီး လွှဲပြောင်းခ ပေါင် ၈၃သန်းလည်း ပေးချေရဦးမှာဖြစ်တယ်လို့ သိရတာကြောင့် လီဗိုင်းက ဟယ်ရီကိန်းကို ရောင်းချပြီး ဖြေရှင်းသွားဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။

တကယ်လို့သာ ရာသီပြီးဆုံးအောင်မကစားနိုင်ခဲ့ပါက စပါးအနေနဲ့ ဝင်ငွေရလမ်းတွေ ပျောက်ကွယ်သွားမှာဖြစ်ကာ ဘဏ္ဍာရေးပြသနာကို ပိုမိုရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ ဟယ်ရီကိန်းကတော့ ဇန်နဝါရီလအတွင်းရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ကာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်မရှိတော့ဘဲ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေသူလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က