ပရီးမီးယားလိဂ်ကိုတန်းတက်ခွင့်ရရှိခဲ့ပြီးတဲ့နောက် အက်စတွန်ဗီလာအနေနဲ့ ပေါင်သန်း ၁၃ဝနီးပါးအသုံးပြုထား ခဲ့တာပါ။
တန်းတက်ခွင့်ရရှိခဲ့ပြီးတဲ့နောက် ကစားသမားပေါင်းများစွာခေါ်ယူအားဖြည့်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းအနေ နဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းအရ ကွာခြားချက်များစွာရှိနေတဲ့အတွက် လာမယ့်အပြောင်းအရွှေ့စျေးကွက်ကာ လအတွင်း ကစားသမားအချို့ကို ရောင်းထုတ်ရမယ့်အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်တယ်လို့ dailymail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကစားသမားအပြောင်းအရွှေ့စျေးကွက်အတွင်း ဘရုဂျက်တိုက်စ စ်မှူးဝက်စ်လေကို ပေါင် ၁၈သန်းအသုံးပြုခေါ်ယူခဲ့တဲ့အပြင် ကစားသမားသစ် ၁၂ဦးကို ပေါင် ၁၂၆သန်းအထိအ သုံးပြုခဲ့တာလည်းဖြစ်ပါတယ်။
တန်းတက်ခွင့်ရရှိခဲ့တဲ့အတွက် လက်မှတ်ရောင်းခများ၊ ရုပ်သံထုတ်လွှင့်ခများ၊ ဆုကြေးများစွာရရှိခဲ့တဲ့အတွက်အ မြတ်ငွေစံချိန်တင်ခဲ့သော်လည်း ကစားသမားသစ်ခေါ်ယူမှုများကြောင့် ပေါင်သန်း ၅ဝကျော်လိုငွေပြနေခဲ့တဲ့အ တွက် အခုလိုကစားသမားအချို့ရောင်းချရမယ့် အခြေအနေနဲ့ရင်ဆိုင်နေရတာပါ။
အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအတွက် အသင်းပိုင်ရှင်နာဆက်ဖ်က အတည်ပြုသတင်းထုတ်ပြန်ခြင်းများမရှိ သေးသော်လည်း ဗြိတိန်မီဒီယာအများစုရဲ့ သုံးသပ်ချက်များတွင်မူ အနည်းဆုံးကစားသမား ၅ဦးလောက်အထိ ပြန်လည်ရောင်းချရဖို့ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။
ဆက်စပ်သတင်းဖော်ပြချက်များအရပရီးမီးယားလိဂ်ထိပ်တန်းအသင်းအချို့ရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့အသင်း ခေါင်းဆောင်ဂရယ်လစ်ချ်ကို အသင်းပြောင်းရွှေ့ခွင့်ပေးခဲ့ပါကဘဏ္ဍာရေးမျှခြေစည်းမျဉ်းအရအဆင်ပြေမှုအချို့ ရှိလာနိုင်တယ်လို့လည်း သုံးသပ်မှုအချို့ရှိနေခဲ့ပါတယ်။