တစ်ပိုင်းလှုပ်လို့ရ တစ်ပိုင်းနဲ့ ရအောင် ရိုက်မယ်တဲ့။

ဆရာဝန်က အနားယူခိုင်းထားပေမယ့်လည်း အနားမယူဘဲ အလုပ်တွေ လုပ်နေတာပါ။ အပေါ်ပိုင်းလှုပ်လို့ရတာကြောင့် အပေါ်ပိုင်း ရိုက်ကူးလို့ ရတဲ့အခန်းတွေ ရိုက်ကူးပေးနေတာ တွေ့ရပါတယ်။

Photo : ထက်ထက်ထွန်း

ဇာတ်ကားရိုက်ကူးရင်း ဒူးခေါင်းကွဲထားတဲ့ ထက်ထက်ထွန်းက ခြေထောက်ဒဏ်ရာကြီးနဲ့ ရိုက်ကူးရေးတွေ ဆက်လုပ်နေတာ တွေ့ရပါတယ်။ ဆရာဝန်က နားခိုင်းထားပေမယ့်လည်း အပေါ်ပိုင်းလှုပ်လို့ရတာကြောင့် အပေါ်ပိုင်းပဲ ပါတဲ့အခန်းတွေကို ဆက်လက်ရိုက်ကူးပေးနေတာပါ။

ကိုယ်တစ်ပိုင်းလှုပ်လို့ရ တစ်ပိုုင်းရအောင်ရိုက်တယ်။ဆန့်ဆန့်ကြီးနဲ့ ဝှီးချဲတစ်တန် လူတစ်ပြန်စီးပြီး အထိုင်တွေ အငြိမ်တွေနဲ့ ရတဲ့အပိုင်းနဲ့ရသလိုသရုပ်ဆောင်နေပါတယ်။ အပေါ်ပိုင်းလေးဖြတ်ပြီး ရအောင်ရော လှအောင်ရော ရိုက်ပေးသော ဒါရိုက်တာကြီး Thar Nyi ကျေးဇူးပါ” ဆိုပြီး မေလ(၂၉) ရက်နေ့က ထက်ထက်ထွန်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ထက်ထက်ထွန်း

ထက်ထက်ထွန်းဟာ ဒါရိုက်တာ သားညီ ရိုက်ကူးနေတဲ့ “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲမှာ သူမပါဝင်တဲ့ အခန်းတွေလေးကို ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။ သူမက “အပေးအယူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခြေထောက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဒူးခေါင်းကွဲသွားလို့ ဆရာဝန်က အနားယူခိုင်းထားတဲ့အထိ ဖြစ်ခဲ့ရတာပါ။ ခြေထောက်ဒဏ်ရာကြောင့် “အပေးအယူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်မရတော့ဘူးလို့လည်း သိရပါတယ်။

“တစ်ဖွဲ့သားလုံးအတွက် စိတ်မကောင်းဖြစ်သလို တောင်းပန်ပါတယ်နော် ထက်ညံ့ခဲ့လို့ ကြိုးစားပေမယ့် အရာမရောက်နိုင်ခဲ့တော့ပါဘူး.။ဒီ"အပေးအယူ" ရုပ်ရှင်ကားအတွက် မျှော်လင့်ပြီး အားပေးနေတဲ့ ပရိတ်သတ်တွေကိုလည်း တောင်းပန်ပါတယ် ။ဒီကားမှာ ဆက်ပြီးရိုက်ကူးဖို့အဆင်မပြေတဲ့အတွက် ဒီကားမှာ မပါဝင်ဖြစ်တော့ပါဘူး “ လို့ သူမက ဖေ့စ်ဘွတ်မှာ မေလ(၂၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ထက်ထက်ထွန်း

ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က