ယူနိုက်တက်ပရိသတ်တွေကတော့ ပင်နယ်တီပေးသင့်တယ်လို့ ယူဆနေကြပါတယ်။

နယူးကာဆယ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဂျေဒန်ဆန်ချိုတယောက် ဒိုက်ဗင်ထိုးခဲ့တယ်ဆိုပြီး အလန်ရှီးယားက ပြစ်တင်ဝေဖန်မှုတွေ လုပ်လိုက်ပါတယ်။ အင်္ဂလန်ကစားသမား ဆန်ချိုဟာ နယူးကာဆယ်ပင်နယ်တီဧရိယာအတွင်းမှာ ရှောင်လောင်းစတက်ဖ်နဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ဖျက်ထုတ်ခံရမှုကြောင့် လဲကျသွားခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်ကတော့ ပင်နယ်တီမသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ 

အနှေးပြကွက်တွေအရတော့ လောင်းစတက်ဖ်က ဆန်ချိုရဲ့ ခြေထောက်ကို တက်နင်းမိခဲ့ပါတယ်။ ပွဲပြီးချိန်မှာ အလန်ရှီးယားက သူ့ရဲ့ တွစ်တာအကောင့်မှာ "မင်းရဲ့ ဒီသောက်ဒိုက်ဗင်ထိုးတာကို ဆက်လုပ်နေ၊ နောက်ဆံးမှာ တခုခုတော့ရမှာပေါ့" လို့ ရေးသားခဲ့ပြီး ဆန်ချိုကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဆန်ချိုကတော့ ဒီအဖြစ်အပျက်ကနေ ပင်နယ်တီရရှိခဲ့သင့်တယ်လို့ ယူဆခဲ့ပေမယ့် ကွင်းလယ်ဒိုင်ခရစ္စကာဗာနေ့ဂျ်ကတော့ သူ့ဆုံးဖြတ်ချက်ကို မပြင်ဆင်ခဲ့ပါဘူး။ 

ဒီဖြစ်ရပ်မတိုင်ခင်မှာလည်း ထရစ်ပီယာနဲ့ ရော်နယ်ဒိုတို့​ ဘောလုံးယှဉ်လုရင်း ထရစ်ပီယာက ဖျက်ထုတ်မှုလုပ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပြစ်ဒဏ်ဘောမပေးဖို့ ပြတ်ပြတ်သားသားရွေးချယ်ခဲ့ပါတယ်။ ဂိုးမရှိသရေကျခဲ့တာကြောင့် ယူနိုက်တက်အတွက်တော့ စိတ်ပျက်စရာရလဒ်ဖြစ်ခဲ့ရပြီး ဒုတိယပိုင်းမှာ အနိုင်ရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဖရက်ဒ်နဲ့ ရက်ရှ်ဖို့ဒ်တို့ အံ့အားသင့်ဖွယ် လွဲချော်ခဲ့ကြပါတယ်။ 

နယူးကာဆယ်ကလည်း ပထမပိုင်းမှာ ဂျိုလင်တန်ရဲ့ ခေါင်းတိုက်ချက်နှစ်ကြိမ်ဆက်တိုက်က တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် ဗာရန်းက ကော်လမ်ဝီဆင်ကို ဖျက်ထုတ်မှုလုပ်ခဲ့ရာမှာလည်း ပင်နယ်တီရဖို့ တောင်းဆိုခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ငြင်းဆန်ခဲ့ပါတယ်။ ယူနိုက်တက်အတွက်တော့ ပွဲတိုင်းနိးပါးဂိုးရနေမှု ပျက်ပြယ်ခဲ့ပြီး အိမ်ကွင်းမှာ ဂိုးပေါက်ပ​ျောက်ခဲ့ရပါတယ်။ 


လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ ယူနိုက်တက်က တော့တင်ဟမ်၊ နယူးကာဆယ်က အဲဗာတန်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က