ပဲလေ့စ်နဲ့ပွဲမှာ ရှာခါက ဟန်ဆောင်ဒိုက်ဗင်ထိုးလို့ အဝါထိခဲ့တာပါ။

အာဆင်နယ်ံမှာ ဝါအရင့်ဆုံးဖြစ်နေတဲ့ ကွင်းလယ်လူကြီးရှာခါကတော့ ဒီမနက်ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဟန်ဆောင်ဒိုက်ဗင်ထိုးလို့ အဝါကတ်ပြခံခဲ့ရပါတယ်။ ဒီရာသီပရီးမီးယားလိဂ်ရဲ့ ပထမဆုံးအဝါကတ်ဖြစ်ပြီး ရှာခါက ဘယ်သူနဲ့မှမထိဘဲ လဲကျခဲ့တာဖြစ်ကာ ကွင်းလယ်ဒိုင်က ချက်ချင်းဆိုသလိုပ​ြ အဝါကတ်ပြသပြီး သတိပေးခဲ့ပါတယ်။ 

ပွဲကစားချိန် ၄၄ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရှာခါက ပဲလေ့စ်နောက်ခံလူအန်ဒါဆန်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဘာမှထိခိုက်မိခြင်းမရှိပေမယ့် ရှာခါက လဲကျသွားခဲ့ပြီး ဟန်ဆောင်ခဲ့လို့ အဝါကတ်ထိခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သူ အဝါကတ်ပြသခံခဲ့ရတာကို ပရိသတ်တွေက အံ့အားသင့်ခြင်းမရှိခဲ့ဘဲ တွစ်တာပေါ်မှာတော့ ရှာခါအဝါကတ်ထိမှာကို မလောင်းခဲ့ရလို့ နောင်တရနေတဲ့ ပရိသတ်တ​ွေရှိနေခဲ့ပါတယ်။ 

ပရိသတ်တဦးက "ဒီရာသီပထမဆုံးအဝါကတ်ကို ရှာခါရသွားတယ်ကွာ၊ တကယ်ဆိုရင် ငါ အိမ်ပေါင်ပြီးတော့ကို လောင်းခဲ့သင့်တာ" လို့ မချိတင်ကဲညည်းတွားကာ ပြောဆိုခဲ့ပါတယ်။ နောက်ထပ်တဦးကလည်း "ဘာမှမပြောင်းလဲပါလား၊ ရှာခါက အဝါကတ်တကတ်ရသွားပြီပဲ" လို့ ရေးသားခဲ့သလို တတိယမြောက်တဦးကလည်း "ရှာခါက ဒီရာသီရဲ့ ပထမဆုံးအဝါကတ်ပြခံရတဲ့သူပဲ၊ အံ့အားသင့်စရာတော့မရှိပါဘူး" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ 

နောက်တဦးကတော့ 'ရှာခါက အဝါကတ်လေးတကတ်မှမပါဘဲ ပွဲမသိမ်းဘူး" လို့ ဆိုခဲ့ပါတယ်။ အာဆင်နယ်ကိုရောက်ရှိလာကတည်းက ရှာခါဟာ အဝါကတ်တွေပုံမှန်ရနေခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ အာဆင်နယ်ကစားသမားဘဝမှာ အဝါကတ်ပ​ေါင်း ၅၃ ​ကြိမ် ပြသခံခဲ့ရပြီးဖြစ်ကာ ပြီးခဲ့တဲ့ရာသီကဆိုရင် ၁၀ ကြိမ်အထိ ပြသခံခဲ့ရပါတယ်။ 


အသင်းကွင်းလယ်မှာ အားကိုးရတဲ့သူအဖြစ် ရှာခါက ရှိနေခဲ့ပေမယ့် သူ့ရဲ့ အမူအကျင့်နဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းမှုက အသင်းခေါင်​ေးဆာင်ရာထူးကိုပါ စွန့်လွှတ်ရတဲ့အထိဖြစ်ခဲ့တာပါ။ အခုလည်း ရာသီအစမှာတင် ဟန်ဆောင်ဒိုက်ထိုးလို့ အဝါကတ်အပြခံရပြီး ပရိသတ်တွေကြားပြောစရာအဖြစ်ရှိနေခဲ့ပါတယ်။ 


Share

Loading Next Article...
က္က