ဝက်စ်ဟမ်းနဲ့ပွဲကဖြစ်ရပ်ကို အိုဟားရားကဝေဖန်ခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ဝက်စ်ဟမ်းကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပင်နယ်တီရရှိဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့တယ်လို့ စပါးကွင်းလယ်လူဟောင်း အိုဟားရားက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

အိုဟားရားဟာ လက်ရှိအချိန်မှာ TalkSport ရဲ့ ဆွေးနွေးခန်းအစီအစဥ်တွေမှာ ပုံမှန်သုံးသပ်ပေးနေတဲ့သူတစ်ယောက်ဖြစ်ပြီး အခုလိုပဲ ဝက်စ်ဟမ်းနဲ့ပွဲက ရော်နယ်ဒိုရဲ့ အနေအထားကို ဝေဖန်ခဲ့တာပါ။ ဒီပွဲမှာ ရော်နယ်ဒိုအနေနဲ့ သေချာပေါက် ပင်နယ်တီရသင့်တဲ့ ပြစ်ဒဏ်ကျူးလွန်မှု (၂) ကြိမ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ယုံကြည်ပြီး ဒီအတွက်လည်း ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ခဲ့ပါတယ်။

ကူဖယ်လ်နဲ့ဇူးမားတို့ဟာ ရော်နယ်ဒိုကို ဆက်တိုက်ဆိုသလို ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပေမယ့် ဒိုင်လူကြီးကတော့ ဒီဖြစ်ရပ်တွေအားလုံးကို ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အိုဟားရားက “ကူဖယ်လ်က ရော်နယ်ဒိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာက သေချာပေါက် ပင်နယ်တီပါ။”

“ကူဖယ်လ်က သူ့ခြေထောက်ကိုထုတ်လိုက်ပြီး ဒီအနေအထားမှာ ပင်နယ်တီမပေးတာကို ကျွန်တော် ယုံတောင်မယုံနိုင်ပါဘူး။ ဒါပေမယ့် ဇူးမားနဲ့ရော်နယ်ဒိုဖြစ်ရပ်ကတော့ ပင်နယ်တီမဟုတ်ပါဘူး။ ရော်နယ်ဒိုက အရှိန်နဲ့ပြေးလာပြီး ဇူးမားကိုကျော်ဖြတ်ခဲ့တာဟုတ်ပါတယ်။ ဒါပေမယ့် တခြားဘက်ကကြည့်ရင် ဒါက ပင်နယ်တီမဟုတ်ပါဘူး။ ရော်နယ်ဒို ဒိုင်ဗင်ထိုးခဲ့တာ၊ သူ ပင်နယ်တီရဖို့ လုပ်တာပါ။ ဇူးမားအဝင်နောက်ကျသွားတာတော့ အမှန်ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အဲ့ဒီပွဲစဥ်ရဲ့ နောက်ဆုံးမိနစ်မှာ လုခ်ရှောရဲ့လက်ထိဘောကြောင့် ပင်နယ်တီပေးခဲ့ရပေမယ့် လူစားဝင်ကစားသမား နိုဘယ်လ်ရဲ့ကန်ချက်ကို ဒီဂီယာကာကွယ်နိုင်ခဲ့တာကြောင့်လည်း အခုလိုပဲ အဝေးကွင်းနိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က