လုပ်ပွဲမှာ အီတူးပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံနေရတာပါ။

ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆမ်မြူရယ်အီတူးဟာ လုပ်ပွဲပြဿနာတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အီတူးဟာ ကစားသမားဘဝမှာ ဘာစီလိုနာ၊ အင်တာမီလန်၊ ချဲလ်ဆီးတို့လို အသင်းကြီးတွေအတွက် ပါဝင်ကစားပေးခဲ့ပါတယ်။



လက်ရှိမှာ အသက် (၄၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီတူးဟာ (၂၀၂၁) ခုနှစ်မှာ ကင်မရွန်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အီတူးက လုပ်ပွဲကစားခဲ့တယ်လို့ စွပ်စွဲခံနေရပြီး သူပြောကြားခဲ့တဲ့ စကားလုံး အသေးစိတ်ကိုလည်း မီဒီယာတွေထံ ဖွင့်ချခံခဲ့ရပါတယ်။

အီတူးဟာ ဗစ်တိုရီးယားယူနိုက်တက် ဥက္ကဌ ဗလင်တိုင်းဂွါအင်ကို “ငါတို့ အတူတူ လုပ်နိုင်တာတွေရှိပါတယ်။ ဒါပေမယ့် ခင်ဗျား ဒါကိုတော့ လျှို့ဝှက်ချက်အနေနဲ့ထားရမယ်၊ ငါက အခု နိုင်ငံအပြင်ရောက်နေတာ။ အိမ်ကို ပြန်ပြီး ဥက္ကဌနဲ့ စကားပြောဖို့ အချိန်လည်း မရှိတော့ဘူး။ ဒါပေမယ့် ငါ ဒိုင်ချုပ်နဲ့ စကားပြောပြီး အလုပ်လုပ်နိုင်ပါတယ်”

“မစိုးရိမ်ပါနဲ့။ ငါတို့ မင်းတို့ကို (၃) မှတ်ပေးပြီး ဒိုင်လူကြီးကို ငါတို့ ပွဲပယ်ပြစ်ဒဏ်ချလိုက်မယ်။ ဒါပေမယ့် အနည်းဆုံးတော့ ငါ့ကို ကင်မရွန်း ပြန်လာခွင့်ပေးကွာ။ ငါ ဇန်နဝါရီ (၃) ရက်နေ့ ညနေပိုင်းမှာ ပြန်ရောက်မယ်။ ဒီတော့ (၄) ရက်နေ့မှာ အစည်းအဝေးလုပ်မယ်။ ဒိုင်ကို ငါတို့ ဘာမှညှိနှိုင်းနေမှာ မဟုတ်ဘူး။ ပြီးတော့မှ သူ့ကို အရည်အချင်းမပြည့်ဘူးလို့ သတ်မှတ်လိုက်မယ်” လို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

အီတူးအနေနဲ့ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကာတကမ္ဘာ့ဖလားမှာလည်း အာဖရိကအသင်းတစ်သင်း ဗိုလ်စွဲနိုင်တယ်လို့ ထူးထူးဆန်းဆန်း ခန့်မှန်းခဲ့ပြီး ပရိသတ်တွေအကြား ရေပန်းစားခဲ့ပါတယ်။ လက်ရှိမှာတော့ အီတူးတစ်ယောက် လုပ်ပွဲတွေမှသာ အမှန်တကယ် ပါဝင်ပတ်သက်ခဲ့မယ်ဆိုရင် ဘောလုံးကနေ နှစ်ရှည်ပွဲပယ် ပြစ်ဒဏ် ကျခံရဖွယ်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က