ဒေါ့မွန်နဲ့ပွဲအပြီးမှာ ဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ဒေါ့မွန်တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်အပြီးမှာတော့ ကွင်းလယ်ဒိုင် ဒန်နီလီအော်ဆာတိုနဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ရဲ့အဖြစ်ကို ပရိသတ်တွေက တော်တော်လေး သဘောကျနေကြပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဒေါ့မွန်ကို စတုန်းစ်၊ ဟာလန်းတို့ရဲ့ဂိုးတွေနဲ့အတူ ၂-၁ ဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာပါ။



ဒါပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ မန်စီးတီးကွင်းလယ်လူ ဖိုဒန်နဲ့ ဒေါ့မွန်နောက်ခံလူ မူနီယာတို့ ပြဿနာတက်ခဲ့ပြီး ကွင်းလယ်ဒိုင်က နှစ်ယောက်လုံးကို အဝါကတ်ပြသခဲ့ပါတယ်။ ဒီအဝါကတ်ကို မကျေနပ်တာကြောင့် ဂွါဒီယိုလာက ပွဲအပြီးမှာ အော်ဆာတိုကို စောဒကတက်ခဲ့တာဖြစ်ပြီး ဖိုဒန်ကလည်း စောဒကတက်ခဲ့ပါတယ်။ အဲ့ဒီနောက် ဖိုဒန်က ဒိုင်လူကြီးအနားကနေ ပြန်ထွက်သွားခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ စောဒကတက်ရင်း၊ တက်ရင်းနဲ့ပဲ အရှိန်တက်လာခဲ့ပြီး ဒေါသတကြီးနဲ့ ဒိုင်လူကြီးကို ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ အော်ဆာတိုက ဂွါဒီယိုလာကို အဝါကတ်ပြသခဲ့ပြီး တချိန်တည်းမှာပဲ ဂွါဒီယိုလာကလည်း ပုံစံပြောင်းသွားကာ ဒိုင်လူကြီးကို ပွေ့ဖက်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဂွါဒီယိုလာရဲ့ အပြုအမူကို သဘောကျနေပြီး ပွဲအပြီးမှာ အမျိုးမျိုး မှတ်ချက်ပေးနေကြပါတယ်။


ပရိသတ်တွေက “နိုင်လည်းနိုင်ပြီးပြီ၊ အဝါကတ်ပါထိမှ ဂွါဒီယိုလာက ဒိုင်လူကြီးကို ပွေ့ဖက်ခဲ့တာက အရယ်ရဆုံးကိစ္စတွေထဲက တခုပါ” “ပက်ပ်က ပွဲပြီးမှ အနီကတ်မထိအောင်လို့ ဒိုင်လူကြီးကို ပြေးဖက်လိုက်တာပါ။ သူကတော့ Next Level ကို ရောက်နေပါပြီ” ဒိုင်လူကြီးနဲ့ပက်ပ်တို့ရဲ့အဖြစ်က ရယ်စရာပါပဲ။ ဒေါသတွေဖြစ်နေတယ်၊ ဆိုးဆိုးရွားရွားစောဒကတက်တယ်”

“ပြီးလည်းပြီးရော ပွေ့ဖက်လိုက်ပါတယ်။ အဲ့ဒါနဲ့လည်း မပြီးသေးဘဲ စိတ်ပြန်ဆိုးပါလေရော” လို့ အမျိုးမျိုး မှတ်ချက်ပြုနောက်ပြောင်နေကြပါတယ်။ ဂွါဒီယိုလာကတော့ သူ့အမှားအတွက် ဒိုင်လူကြီးကို တောင်းပန်စကားပြောခဲ့ကြောင်းနဲ့ ဒီအဝါကတ်က မျှတတဲ့အဝါကတ်ဖြစ်ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က