သရေကျခဲ့လို့ စိတ်ပျက်ခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ကြိမ်းမောင်းသွားတာပါ။

စပါးနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ဒေါသထွက်ပေါက်ကွဲခဲ့တဲ့ လီဗာပူးလ်နည်းပြကလော့ပ်ဟာ သတင်းစာရှင်းလင်းပွဲမှာလည်း အခန်းအတွင်း လက်သန့်ဆေးရည်မထားတဲ့အပေါ် အပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို စပါးအသင်းတွင်းမှာ ခံစားခဲ့ရပြီး ဘရိုက်တန်၊ လက်စတာတို့နဲ့ပွဲတွေကို ရွှေ့ဆိုင်းခဲ့ရပေမယ့် အခန်းတွင်း လက်သန့်ဆေးမထားခဲ့တာကတော့ အပြစ်မြင်စရာဖြစ်ခဲ့တာတော့ အမှန်ပါပဲ။



စပါးရဲ့ ပထမအသင်းသား အနည်းဆုံး ၉ ဦးအထိ ကူးစက်ခံခဲ့ရတယ်လို့ သိရပြီး လေ့ကျင့်ကွင်းမှာတောင် တော်တော်လေးခက်ခဲခဲ့တယ်လို့ နည်းပြကွန်တီက ပြောဆိုခဲ့ပါတယ်။ ကလော့ပ်ကတော့ စပါးအနေနဲ့ ကွင်းအတွင်းလုံခြုံစိတ်ချမှုရှိရေးအတွက် အစီအစဉ်သစ်တွေ ချမှတ်ဖို့ အကြံပေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲမစခင်မှာ ထိုင်ခုံပေါ်ထိုင်ခဲ့ပြီးနောက် သူ့အနီးနားကို ကြည့်ရှုခဲ့ကာ လက်သန့်ဆေးရည်မရှိတာကို ထောက်ပြသွားခဲ့ပါတယ်။ 

"ဒီအခန်းထဲမှာ လက်သန့်ဆေးရည်ဗူးတော့ ရှိသင့်တယ်လို့ ကျနော်ထင်တယ်၊ အဲဒါက ပိုကောင်းမယ်လို့ ထင်ပါတယ်၊ ခင်ဗျားသိပါတယ်၊ ခင်ဗျားပတ်ဝန်းကျင်မှာ (စပါးမှာ) ကိုဗစ်ကူးစက်တာ ၁၃ ခုလောက်ရှိပါတယ်၊ ကျနော်က ကုလားထိုင်ကို ထိတွေ့ခဲ့ရပြီး ဒီမှာ လက်သန့်စင်ဖို့အတွက် လက်သန့်ဆေးရည်တောင်မရှိဘူး" လို့ ကလော့ပ်က ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ကိုဗစ်ကူးစက်မှုဒဏ်ကို လီဗာပူးလ်အသင်းလည်း ရင်ဆိုင်နေရတယ်လို့ ယုံကြည်ရပြီး ကွင်းလယ်လူသီယာဂိုအယ်လ်ကန်တာရာက လေးဦးမြောက်ကစားသမားဖြစ်ကာ စပါးနဲ့ပွဲကို ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် နောက်ခံလူဗန်ဒိုက်၊ ဖာဘင်ဟိုနဲ့ ကာတစ်ဂျုံးစ်တို့လည်း ဗိုင်းရပ်စ်ကူးစက်တာကြောင့် မပါဝင်နိုင်ခဲ့ဘဲ စပါးဘက်က စီစဉ်ပေးထားမှုအနေအထားတွေအပေါ် ကလော့ပ်က စိတ်တိုင်းမကျဖြစ်ခဲ့တယ်လို့ ယူဆရပါတယ်။ 

Share

က္က