ဆမ်ဒိုးရီးယားကိုနိုင်တဲ့ပွဲမှာဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဆမ်ဒိုးရီးယားနဲ့ရိုးမားတို့ရဲ့ အီတလီစီးရီးအေပွဲမှာတော့ ဧည့်သည်ရိုးမားက မစ်ခီတာရန်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရိုးမားတို့ ပထမပိုင်းမှာတည်းက အနိုင်ဂိုးရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းတပိုင်းလုံး ဒီသွင်းဂိုးသာ ထိန်းကစားနိုင်ဖို့ အဓိကဦးတည်ခဲ့ပါတယ်။



ဒီပွဲရလဒ်ကြောင့် မော်ရင်ဟိုရဲ့ရိုးမားဟာ စီးရီးအေ နောက်ဆုံး (၁၀) ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ပုံစံကောင်းတရပ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးရလဒ်ကောင်းရခဲ့ပေမယ့်လည်း မော်ရင်ဟိုအတွက်တော့ ဒီပွဲမှာ လူရော၊ စိတ်ရော မသက်သာစရာဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။

ပွဲကစားချိန်အတွင်း ဒိုင်လူကြီးကို စောဒကတက်ဖို့ မော်ရင်ဟိုတယောက် နည်းပြခုံတန်းမှာ ထိုင်နေရာကနေ ထဖို့လုပ်တဲ့နေရာမှာ အပေါ်က အမိုးစွန်းနဲ့ ခေါင်းဆောင့်မိခဲ့တာဖြစ်ပါတယ်။ ဆမ်ဒိုးရီးယားကွင်းမှာရှိနေတဲ့ နည်းပြခုံတန်းရဲ့ အမိုးက နိမ့်နေတယ်လို့ဆိုရမှာဖြစ်ပြီး သတိမထားရင်တော့ အခု မော်ရင်ဟိုလိုမျိုးပဲ ထိခိုက်နိုင်ပါတယ်။

မော်ရင်ဟိုဟာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်တိုင်း အလားတူပဲ ချက်ချင်းဆိုသလို ထိုင်ရာကထ၊ ပြေးထွက် စောဒကတက်လေ့ရှိပြီး ဒီတခါမှာတော့ အချီကြီးခံစားလိုက်ရတာဖြစ်ပါတယ်။ မော်ရင်ဟိုတယောက် ခေါင်းဆောင့်မိတာကြောင့် တော်တော်လေး နာကျင်သွားဟန်ရှိပေမယ့် ကြီးကြီးမားမားတော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

ဒီပွဲရလဒ်ကြောင့်တော့ မော်ရင်ဟိုရဲ့ရိုးမားက အဆင့် (၄) နေရာနဲ့ (၅) မှတ်အကွာ အနေအထားကို ရောက်ရှိလာခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ ရိုးမားဟာ ယူရိုပါကွန်ဖရင့်မှာလည်း ဗိုလ်စွဲနိုင်ခြေရှိပြီး ဒီကြားရက်မှာတော့ ကွာတားဖိုင်နယ်ပွဲစဥ်တွေကို ကစားရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က