လီဗာပူးပရိသတ်တွေဟာ နယူးကာဆယ်နဲ့ပွဲက ဖြစ်ရပ်ကြောင့် ပွဲပယ်ပြစ်ဒဏ် ထပ်ထိခဲ့တဲ့ ဗန်ဒိုက်ချ်နဲ့ ပတ်သက်လို့ ဒေါသပေါက်ကွဲနေကြပါတယ်။ ဗန်ဒိုက်ချ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ ပထမပိုင်းမှာတင် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတာပါ။
အဆိုပါပွဲမှာ လီဗာပူးတို့ ပွဲကစားချိန် တစ်နာရီနီးပါးကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ဒါဝင်နူးနက်ဇ်ရဲ့ သွင်းဂိုးတွေနဲ့အတူ ၁-၂ ဂိုးနဲ့ ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒိုက်ချ်ရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေက အခုချိန်အထိ မရပ်တန့်သွားခဲ့ပါဘူး။
ဒိုင်လူကြီးက သူ့ကို အနီကတ်ပြသချိန်မှာ ဗန်ဒိုက်ချ်တစ်ယောက် ကွင်းလယ်ဒိုင်ကို ဆဲဆိုခဲ့တယ်ဆိုပြီး နောက်ထပ် တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင် (၁) သိန်း ဒဏ်ကြေးကို ထပ်မံကျခံခဲ့ရပါတယ်။ ဒီလိုမျိုး ဗန်ဒိုက်ချ်ကို ပြစ်ဒဏ်ထပ်ချခဲ့တာအတွက် လီဗာပူးပရိသတ်တွေကတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကာ ဒေါသပေါက်ကွဲနေကြပါတယ်။
ဘရူနိုဖာနန်ဒက်စ်ကလည်း လီဗာပူးနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တို့ကို ကိုယ်ထိလက်ရောက် ပြုမူကျူးလွန်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီး ဒိုင်လူကြီးတွေရဲ့ အစီရင်ခံစာမှာ ဒီဖြစ်ရပ်ကို ဖော်ပြထားခြင်းမရှိတာကြောင့် ဘရူနိုဖာနန်ဒက်စ်တစ်ယောက် ပြစ်ဒဏ်ကနေ ကင်းလွတ်ခဲ့ရပါတယ်။
အခု နယူးကာဆယ်နဲ့ပွဲက ဖြစ်ရပ်အတွက် ဗန်ဒိုက်ချ် ပြစ်ဒဏ် ထပ်မံကျခံရချိန်မှာတော့ လီဗာပူးပရိသတ်တွေက ဘရူနိုဖာနန်ဒက်စ်တုန်းက လုံးဝအရေးမယူခဲ့ဘဲ ဗန်ဒိုက်ချ်ကိုမှ နှစ်ထပ်ကွမ်း အရေးယူတဲ့အပေါ် ပြစ်တင်ဝေဖန်နေကြတာပါ။ ဗန်ဒိုက်ချ်ဟာ အဲ့ဒါကြောင့် လာမယ့် စက်တင်ဘာလ (၁၆) ရက်နေ့၊ ဝုလ်ဗ်နဲ့ကစားမယ့်ပွဲစဉ်အထိ လီဗာပူးအတွက် ပြန်လည်ပါဝင်ကစားခွင့်ရှိမှာ မဟုတ်ပါဘူး။