ဗယ်လက်ကာနိုနဲ့ပွဲမှာ အထုတ်ခံလိုက်ရတာပါ။

ဂီတာဖေးအတွက် ခြေစွမ်းပြ ကစားလျက်ရှိတဲ့ တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ဗယ်လက်ကာနိုနဲ့ပွဲမှာ ကွင်းလယ်ဒိုင်ကို ဆဲရေးတိုင်းထွာခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ ဗယ်လက်ကာနိုက ဂီတာဖေးကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒီပွဲက ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်က နှစ်ဖက်ပေါင်း အဝါ၊ အနီ (၁၀) ကတ်အထိ အသုံးပြုခဲ့ရပါတယ်။ ဒီအထဲမှာတော့ ဂီတာဖေး ကစားသမားချည်းပဲ (၃) ယောက်အထိ အထုတ်ခံခဲ့ရပြီး ဂရင်းဝုဒ်လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းကတည်းက ဂီတာဖေးတို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ ဂရင်းဝုဒ်က ကွင်းလယ်ဒိုင်ကို ပြစ်တင်ဘောပေးဖို့ စောဒကတက်ရင်း ဆဲရေးတိုင်းထွာခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ််။

အစောပိုင်းမှာတော့ ပရိသတ်တွေက ဂရင်းဝုဒ် အထုတ်ခံရတဲ့အကြောင်းရင်းကို အဖြေမရှာနိုင်ခဲ့ပေမယ့် မီဒီယာတွေကတော့ ဂရင်းဝုဒ်တစ်ယောက် ကွင်းလယ်ဒိုင်ကို “F*** You” လို့ ဆဲဆိုသုံးနှုန်းကာ ပြဿနာရှာခဲ့ကြောင်း သိရှိရပါတယ်။

 

အဲ့ဒါကြောင့်လည်း ကွင်းလယ်ဒိုင်က မဆိုင်းမတွဆိသလိုပဲ ဂရင်းဝုဒ်ကို တိုက်ရိုက်အနီကတ်ပြသခဲ့ပါတယ်။ ဒီရာသီမှာ ဂီတာဖေးအတွက် (၁၅) ပွဲကစား၊ (၅) ဂိုးသွင်း၊ (၄) ကြိမ် ဂိုးဖန်တီးခဲ့တဲ့ ဂရင်းဝုဒ်ဟာ လက်ရှိမှာလည်း ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရပါတ​ယ်။

Share

Loading Next Article...
က္က