အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ အယ်လ်အီတီဖတ်ကို အနိုင်ရရှိခဲ့တဲ့ ဘုရင့်ဖလား (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပရိသတ်တွေ ပွဲကျရမယ့် အမူအရာတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာက အချိန်ပိုမှာ ရရှိခဲ့တဲ့ မာနေးရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ နောက်တစ်ဆင့် တက်ခဲ့တာပါ။
အဲ့ဒီနောက် သာမန်မိနစ် (၉၀) ပြည့်ခါနီးမှာ အယ်လ်အီတီဖတ်ကပါ တစ်ယောက်လျော့သွားခဲ့တာကြောင့် တစ်ဖက်ကို ဆယ်ယောက်စီ ကစားခဲ့ရပါတယ်။ ဒုတိယပိုင်း (၅၂) မိနစ်မှာတော့ ရော်နယ်ဒိုတစ်ယောက် ဒိုင်လူကြီးကို ညွှန်ပြပြီး ထူးထူးဆန်းဆန်း ပြုမူခဲ့ပါတယ်။
ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုက အရန်ခုံတန်းဘက်ကို လှမ်းကြည့်၊ ကွင်းလယ်ဒိုင်ကို လက်ညှိုးထိုးပြီး ဒိုင်လူကြီးလဲဖို့ လုပ်ပြခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ မချိုပြုံး၊ ပြုံးရင်းနဲ့ပဲ ဒီလိုမျိုး ပြုမူခဲ့တာဖြစ်ပြီး ပရိသတ်တွေအကြားမှာတော့ ရော်နယ်ဒိုရဲ့ လုပ်ရပ်က ရေပန်းစားနေခဲ့ပါတယ်။