ကွင်းလုံခြုံရေးတွေကိုတောင်မှ ထိုးြ့ိတ်ရန်မူခဲ့ကြပါတယ်။

ဘိုင်ယန်ကစားသမားဟောင်းတွေဖြစ်တဲ့ ဒေါက်ဂလက်စ်ကော်စတာနဲ့ ရာဖင်ဟာတို့ ပါဝင်ကစားနေတဲ့ ဂရီမီယိုဟာ အဆင့် ၁၉ နေရာမှာရပ်တည်နေပြီး တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ 


ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းပရိသတ်တွေဟာ အိမ်ကွင်းမှာ ပါမီးယက်စ်အသင်းကို ၁-၃ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းအတွင်းဝင်ရောက်ပြီး VAR Room ကို ရိုက်ချိုးဖျက်ဆီးမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ဘိုင်ယန်ကစားသမားဟောင်းတွေဖြစ်တဲ့ ဒေါက်ဂလက်စ်ကော်စတာနဲ့ ရာဖင်ဟာတို့ ပါဝင်ကစားနေတဲ့ ဂရီမီယိုဟာ အဆင့် ၁၉ နေရာမှာရပ်တည်နေပြီး တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ 

အဆိုပါပွဲမှာ ဂရီမီယိုက ဦးဆောင်ဂိုးသွင်းယူကာ အခြေအနေကောင်းခဲ့ပေမယ့် ပထမပိုင်းနာကျင်အချိန်ပိုမှာ ပင်နယ်တီပေးခံခဲ့ရပြီး နောက်ထပ်နာကျင်အချိန်ပိုအတွင်းမှာ အနိုင်ဂိုးပါ ခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ပါးမီးယက်စ်က နောက်ထပ်တစ်ဂိုးထပ်သွင်းကာ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပြီး ၁၁ ပွဲသာ ကစားဖို့ကျန်ရှိတော့ချိန်မှာ ဂရီမီယိုအတွက် စိုးရိမ်စရာအနေအထားဖြစ်လာခဲ့ပါတယ်။ 


ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ခဲ့တဲ့နောက် ဂရီမီယိုပရိသတ်တွေဟာ ပွဲအပြီးမှာ ကွင်းအတွင်းကို ဝင်ရောက်လာခဲ့ကြပြီး VAR နေရာကို ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေဟာ ကွင်းလုံခြုံရေးတွေကိုပါ ထိုးကြိတ်ရန်မူခဲ့ကြပြီး ဝင်ရောက်ဟန့်တားပေးမယ့်သူလည်းမရှိဖြစ်ခဲ့ကာ ကွင်းအတွင်း ရုပ်ဆိုးအကျည်းတန်တဲ့မြင်ကွင်းတွေဖြစ်ပေါ်ခဲ့ပြီး ပရိသတ်တွေက စိတ်ထင်တိုင်းသောင်းကျန်းခဲ့ကြပါတယ်။ 

ကစားသမားတွေလည်း ဝင်ရောက်ဟန့်တားရဲခြင်းမရှိခဲ့ဘဲ ဥမင်အတွင်းကနေသာ စောင့်ကြည့်နေခဲ့ကြပါတယ်။ အကြမ်းဖက်နှိမ်နှင်ရေးရဲတွေ ရောက်ရှိလာတေ့ာမှသာ ပရိသတ်တွေက ပွဲကြည့်စင်ပေါ်ပြန်တက်သွားခဲ့ပြီး အခြေအနေတွေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်းမှာ နာမည်ကျော်နည်းပြကြီးစကိုလာရီက ဂရီမီယိုကို ကိုင်တွယ်ကာ ဒီရာသီအတွင်း လေးဦးမြောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပေမယ့် အောက်တိုဘာလအတွင်းမှာ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းခဲ့လို့ ငါးဦးမြောက်နည်းပြနဲ့ ဂရီမီယိုက ကစားခဲ့တာဖြစ်ပါတယ်။


Share

Loading Next Article...
က္က