သတင်းထောက်တွေရော၊ ဒိုင်လူကြီးတွေရော ဖာဂူဆန်ကို ကြောက်လန့်ခဲ့ရတာပါ။

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးဟာ သူ့အနေနဲ့ လန်ဒန်မြို့ခံကလပ်ရဲ့ နည်းပြအဖြစ် တာဝန်ယူနေစဥ် အတောအတွင်း ဘောလုံးလောကမှာ ဖာဂူဆန်အပါအဝင် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ရှိန်နေတာ၊ ကြောက်နေခဲ့တာမျိုး မရှိဘူးလို့ ဖွင့်ဟဝန်ခံလာပါတယ်။




အာစင်ဝင်းဂါးနဲ့ဖာဂူဆန်တို့နှစ်ယောက်ရဲ့ အားပြိုင်မှုက ပရီးမီးယားလိဂ်ရဲ့ အကြီးကျယ်အခမ်းနားဆုံး အားပြိုင်မှုဖြစ်ခဲ့ပြီး (၁၉၉၆) ကနေ (၂၀၀၄) အတွင်း ယူနိုက်တက်နဲ့အာဆင်နယ်တို့က ပရီးမီးယားလိဂ်ချန်ပီယံဆုကို အသည်းအသန် ပြိုင်ဆိုင်ခဲ့ကြတာပါ။ ဖာဂူဆန်ကတော့ အာစင်ဝင်းဂါး၊ အာဆင်နယ်တို့နဲ့ အားပြိုင်မှုအပေါ် “အဆိပ်သင့်စေတဲ့ အားပြိုင်မှု” လို့ ပြောစမှတ်ပြုခဲ့ပါတယ်။

အဲ့ဒီအချိန်က ဖာဂူဆန်ကို သတင်းထောက်တွေအစ ကြောက်လန့်ခဲ့ရပြီး ဖာဂူဆန်အနေနဲ့ ကွင်းလယ်ဒိုင်ကိုတောင် လွှမ်းမိုးနိုင်ခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း အာစင်ဝင်းဂါးကတော့ “လူတိုင်းက ဖာဂူဆန်ကို ကြောက်ကြပါတယ်။ သတင်းထောက်တွေကစလို့ ဒိုင်လူကြီးတွေအထိပေါ့”

“ကျွန်တော့်အတွက်တော့ ဒါက အင်္ဂလန်မှာ တစ်ဦးတစ်ယောက်တည်းရှိနေတာ မဟုတ်ဘူးဆိုတာကို သက်သေပြဖို့ အခွင့်အရေးကောင်းဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဘောလုံးကို ဘယ်လိုကစားရလဲဆိုတာ ခင်ဗျားလည်း သိခဲ့တာပဲလေ။ ကျွန်တော်က တိုက်ပွဲတိုင်းအတွက် အမြဲတမ်း အဆင်သင့်ဖြစ်ခဲ့ပါတယ်”


“တစ်ခါတလေတော့ နှစ်သင်းကြားက အရမ်းကို ရန်လိုလွန်းအားကြီးပြီး အထူးသဖြင့် ပွဲပြီးဆုံးချိန်တွေမှာပေါ့။ ကျွန်တော်တို့က ခြင်္သေ့နှစ်ကောင်လိုပဲဗျ။ ခြင်္သေ့တစ်ကောင်ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သူ့ကို ဆန့်ကျင်နေတဲ့ အခြားခြင်္သေ့တစ်ကောင်ကို စားပစ်ဖို့ပါပဲ။ ကျွန်တော်ကတော့ ဘောလုံးလောကမှာ ဘယ်သူ့ကိုမှ မကြောက်ရွံ့ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ကွင်းတွင်းမှာ ပြိုင်ဆိုင်မှုတွေ အကြီးအကျယ်ပြင်းထန်ခဲ့ကြတဲ့ ဒီနည်းပြနှစ်ယောက်ဟာ လက်ရှိအချိန်မှာတော့ မြက်ခင်းစိမ်းတွေနဲ့ ဝေးရာကို ရောက်ရှိနေကြပါပြီ။ အာစင်ဝင်းဂါးဟာ အာဆင်နယ်နဲ့အတူ ရှုံးပွဲမရှိ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ဖူးပြီး ဒီအောင်မြင်မှုက အခြားအောင်မြင်မှုတိုင်းရဲ့ အပေါ်မှာရှိနေတယ်လို့လည်း ဖာဂူဆန်က ချီးကျူးစကားဆိုခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က