လူတန်နဲ့ပွဲမှာ ဂွါဒီယိုလာက ပြဿနာရှာခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ မနေ့ညက လူတန်တောင်းကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ စတုတ္ထဒိုင်နဲ့ ပြဿနာတက်ခဲ့ပါတယ်။ အဆိုပါပွဲချိန်အတွင်း သူ့ရဲ့ အပြုအမူတွေကြောင့်ပဲ ပရိသတ်တွေက ဂွါဒီယိုလာကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖို့ တောင်းဆိုနေကြပါတယ်။



ဂွါဒီယိုလာဟာ အဆိုပါပွဲရဲ့ ပထမပိုင်းအပြီးမှာ ဒိုင်လူကြီးကို လက်ညှိုးထိုးကာ ခြိမ်းခြောက်ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် အသင်းအနိုင်ဂိုးရချိန်မှာလည်း နည်းစနစ်ဧရိယာအပြင်ဘက် ထွက်ကာ ဒိုင်လူကြီးကို ရိသဲ့သဲ့အမူအရာမျိုးနဲ့ လှောင်ပြောင်ခဲ့တာပါ။


အဲ့ဒါကြောင့်လည်း ပရိသတ်တွေက အာဆင်နယ်နည်းပြ အာတီတာရဲ့ အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ပြီး ဂွါဒီယိုလာကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖို့ တောင်းဆိုနေကြပါတယ်။ အာတီတာဟာ ပြီးခဲ့တဲ့ စနေနေ့ညက ကစားခဲ့တဲ့ ဗီလာကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းအတွင်း ကြီးကြပ်ခွင့် မရရှိခဲ့ပါဘူး။

အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ ကြားရက်က လူတန်တောင်းကို ၃-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးအတွက် အလွန်အကျူးအောင်ပွဲခံခဲ့တာကြောင့်ပါ။ အဲ့ဒါကြောင့်လည်း ကွင်းလယ်ဒိုင်က အာတီတာကို အဝါကတ်ပြခဲ့ပြီး အာတီတာတစ်ယောက် ဗီလာနဲ့ပွဲမှာ ပွဲကြည့်စင်ပေါ်မှာသာ ရှိနေခဲ့တာဖြစ်ပါတယ်။

အခု ဂွါဒီယိုလာရဲ့ လုပ်ရပ်တွေကတော့ အာတီတာထက် ပိုမိုဆိုးရွားလွန်းတယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။ အဲ့ဒါကြောင့်လည်း အာတီတာကို တစ်ပွဲပယ်တယ်ဆိုရင် ဂွါဒီယိုလာကိုတော့ အနည်းဆုံးနှစ်ပွဲပယ်သင့်တယ်လို့ ပရိသတ်တွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က