အသင်းဥက္ကဌဟောင်းတွေကိုပါ တရားစွဲဆိုခဲ့တာပါ။

စပိန်ဒိုင်လူကြီးများကော်မတီရဲ့ ဒုတိယဥက္ကဌဖြစ်သူကို ငွေပေးချေမှုတွေနဲ့ပတ်သက်ပြီး ဘာစီလိုနာဟာ တရားစွဲဆိုခံလိုက်ရပြီဖြစ်ပါတယ်။ စပိန်အစိုးရရှေ့နေ့က ဒိုင်လူတွေဟာ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ဘာစီလိုနာကို မျက်နှာသာပေးစေမယ့် လုပ်ရပ်တွေကို ပြုလုပ်ပေးဖို့ ငွေကြေးနဲ့လဲလှယ်မှုတွေပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာဟာ ဒိုင်လူကြီးဟောင်းတဦးလည်းဖြစ်၊ ဒိုင်ကော်မတီရဲ့ဒုတိယဥက္ကဌလည်းဖြစ်တဲ့ ဟိုဆေးမာရီယာအင်းနရစ်နီဂရီယာ ပိုင်ဆိုင်တဲ့ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ DASNIL နဲ့ NILSAT ဆီကို ယူရို ၇.၃ သန်း ပေးချေခဲ့တယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။ ဒီအတွက် ဘာစီလိုနာဟာ ပြစ်မှုထင်ရှားရင် ကြီးမားတဲ့ ဘဏ္ဍာရေးပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရနိုင်ပြီး အသင်းဥက္ကဌဟောင်းဖြစ်တဲ့ ဆန်ဒရိုရိုဆဲလ်၊ ဂျိုးဆက်ဘာတိုမြူနဲ့ ဒါရိုက်တာဟောင်းအော်စကာဂရူနဲ့ အဲလ်ဘာ့ဆိုလိုတို့ဟာ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရနိုင်တယ်လို့လည်း သိရပါတယ်။ 

လက်ရှိမှာ တရားရုံးက နီဂရီယာရဲ့ ကုမ္ပဏီတွေနဲ့ ငွေပေးငွေယူပြုလုပ်ခဲ့တဲ့ သက်သေတွေရှိ၊မရှိဆိုတာကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်။ စပိန်သတင်းစာ El Mundo ရဲ့ ဖော်ပြချက်အရ နီဂရီယာရဲ့ကုမ္ပဏီတွေကို ပေးချေမှုတွေမှာ လက်ရှိဥက္ကဌလာပေါ်တာရဲ့ ပထမဆုံးအကြိမ် အသင်းဥက္ကဌတာဝန်ယူနေတဲ့ ကာလဖြစ်တဲ့ ၂၀၀၁ ခုနှစ်ကတည်းက စတင်ခဲ့တယ်လို့ သိရပြီး လာပေါ်တာကတော့ သူ ပါဝင်ပတ်သက်မှုမရှိဘူးဆိုတာကို သက်သေပြဖို့ လိုအပ်နေပါပြီ။ 

ပြီးခဲ့တဲ့လအတွင်းကလည်း ဘာစီလိုနာဟာ ဒိုင်လူကြီးကော်မတီရဲ့ ဒုဥက္ကဌကို ယူရို ၁.၄ သန်း ပေးချေခဲ့လို့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာနည်းပြဇာဗီနဲ့ ဥက္ကဌလာပေါ်တာတို့က ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး အသင်းက ဘာအမှားမှမလုပ်ဘူးလို့ အခိုင်အမာပြောဆိုခဲ့ဖူးပါတယ်။ 


Share

Loading Next Article...
က္က