မော်ရင်ဟိုကတော့ လုပ်လိုက်ရင် အဆန်းတွေကြီးပါပဲ။

မနေ့ညက ကစားခဲ့တဲ့ မွန်ဇာနဲ့ စီးရီးအေပွဲမှာ ရိုးမားနည်းပြကြီး မော်ရင်ဟိုက ဒိုင်လူကြီးတွေရဲ့ ရန်က ကာကွယ်ဖို့အတွက် သူ့ခန္ဓာကိုယ်မှာ မိုက်ခရိုဖုန်းတပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ဒိုင်လူကြီးတွေနဲ့ အမ​ြဲတစေ ပြသနာတက်လေ့ရှိတဲ့ မော်ရင်ဟိုက သူပြောဆိုတာတွေနဲ့ ဒိုင်လူကြီးတွေ ပြောဆိုတာတွေကို မှတ်တမ်းအဖြစ်ရယူပြီး အရေးယူခံရမယ့်အရေးနဲ့ ရင်ဆိုင်ရရင် သက်သေအဖြစ် တင်သွင်းဖို့လို့ ယူဆရပါတယ်။ 

မွန်ဇာနဲ့ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် အသက် ၃၈ နှစ်အရွယ် ဒန်နီယယ်လီချီဖီက တာဝန်ယူခဲ့ပြီး သူ့ကို မော်ရင်ဟိုက "ကျနော်ကြုံဖူးသမျှထဲမှာ အဆိုးဆုံးပဲ" လို့ ​ပြောဆိုခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဖေဖော်ဝါရီလအတွင်းက ကစားခဲ့တဲ့ ခရီမွန့်စ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အခုလိုလုပ်ခဲ့တာဟာ အလားတူအဖြစ်မျိုး မတွေ့ကြုံအောင်လို့ ယူဆရပါတယ်။


မွန်ဇာနဲ့ပွဲမှာ ကွင်းလယ်ဒိုင်က ရိုးမားကစားသမား ဆီလစ်ခ်ကို အဝါကတ်နောက်တကြိမ်ထပ်ပြခဲ့လို့လည်း မော်ရင်ဟိုက ဒေါသထွက်နေခဲ့ပါတယ်။ 

"ကျနော်က အရူးမှမဟုတ်တာဗျာ၊ ဒီနေ့ပွဲမှာ မိုက်ခရိုဖုန်းတခု ကျနော်ယူသွားခဲ့တယ်၊ အရာရာတိုင်းကို မှတ်တမ်းတင်ခဲ့ပြီးတော့ အဝတ်လဲခန်းထဲကနေ ထွက်ချိန်ကစလို့ ပြန်ရောက်တဲ့အထိပါပဲ၊ ကိုယ့်ကိုကိုယ်ကာကွယ်ခဲ့တာပါ" လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။ 

"ကျနော့်ဘ၀မှာ တွေ့ဖူးသမျှထဲ အဆိုးရွားဆုံးဒိုင်ပါပဲ၊ သူက အဆိုးဆုံးပါ၊ နည်းစနစ်ပိုင်းအရလည်း သူက ထိတ်လန့်စရာကောင်းခဲ့ပြီး စာနာမှုကင်းမဲ့တယ်၊ ဆက်သွယ်မှုမရှိဘူး၊ အသိတရားလည်းမရှိပါဘူး၊ ၉၆ မိနစ်မှာ ချော်လဲခဲ့တဲ့ ကောင်လေးကို သူက အဝါကတ်ထပ်ပြတယ်၊ ပွဲပြီးဖို့ နာရီဝက်လောက်အလိုမှာ ကျနော် ဘာမှမလုပ်တော့ပါဘူး"


"ဘာလို့လဲဆိုတော့ သူ က​ျနော့်ကို အနီကတ်ပြမယ်ဆိုတာကို သိနေလို့ပါ၊ သူ့ကို ဒီအခွင့်အရေး ကျနော်မပေးနိုင်ပါဘူး" လို့ မော်ရင်ဟိုက ထပ်ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က