အက်ရှ်လေယန်းကတော့ ပြန်လည်သက်သာနေပါပြီ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့မှာ နယူးကာဆယ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ယင်းပွဲစဉ်ကို အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ ဂျက်ဆီလင်ဂတ်၊ ဟာရဲရားတို့ ဒဏ်ရာကနေ ပြန်လည်မသက်သာသေးတာကြောင့် ထပ်မံလွဲချော်ဦးမယ်လို့ Mirror ရဲ့ရေးသားချက်အရ သိရပါတယ်။

Juan-Mata-Jesse-Lingard-Ander-Herrera.jpg

Photos: Teamtalks

ပြီးခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ပွဲစဉ်ကို အသေးစားဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ အက်ရှ်လေယန်းဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် လင်ဂတ်နဲ့ ဟာရဲရားတို့ဟာ ဒဏ်ရာကနေ မသက်သာသေးဘဲ ဆက်လက်အနားယူရဦးမယ်ဆိုတဲ့သတင်းဟာ မန်ယူအသင်းအတွက် သတင်းဆိုးဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ဗဟိုခံစစ်ကစားသမားဖြစ်တဲ့ မားကို့စ်ရိုဟိုကလည်း စနေနေ့ပွဲစဉ်မှာ ပါဝင်နိုင်ဦးမှာမဟုတ်သေးဘူးလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုက နယူးကာဆယ်အသင်းနဲ့ပွဲစဉ်အတွက် ပွဲထွက်ကစားသမားစာရင်းနဲ့ပတ်သက်ပြီး အပြောင်းအလဲမရှိကြောင်း ပြောကြားခဲ့ပါတယ်။

Photos: Express

 

"ဟင့်အင်း။ အရင်လူစာရင်းအတိုင်းပါပဲ"

"ဒဏ်ရာရကစားသမား နောက်ထပ်အသစ်မရှိသလို ဒဏ်ရာရနေတဲ့ကစားသမားတွေကလည်း ပါဝင်ကစားဖို့အတွက် မဖြစ်နိုင်သေးပါဘူး"

"အက်ရှ်လေယန်းကတော့ အသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါဝင်လာမှာပါ။ ဒါပေမယ့် အက်ရှ်လေက တကယ်တမ်း အသေးစားအခြေအနေတစ်ခုပဲ ဖြစ်ခဲ့တာပါ"

"ဗလင်စီယာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ကစားသမားတွေအတွက် ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ အချိန်တွေရခဲ့ပါတယ်။ လေ့ကျင့်ဖို့အတွက် ပြီးပြည့်စုံတဲ့အခြေအနေမှာရှိနေတာက အခြားလူတွေအတွက် ကောင်းမွန်တဲ့အလုပ်တစ်ခုဖြစ်စေပါတယ်"

"ဒီနေ့ ဗလင်စီယာအသင်းနဲ့ကစားပြီး ၃ ရက်မြောက်နေ့ပေါ့။ ဒီနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့ကစားသမားတွေအားလုံးအတူတူရှိနေကြပြီး ပွဲစဉ် ၂ ပွဲကြားမှာ ၃ ရက်ဆိုတာဟာ စနေ၊ တနင်္ဂနွေမှာ ကန်ရတဲ့ပွဲစဉ်အတွက် ကစားသမားတွေကို အဆင်သင့်ဖြစ်စေဖို့ လုံလောက်တဲ့အချိန်ပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က