စပါးနဲ့ပွဲမှာ ပြန်လည်ကစားနိုင်ခဲ့တာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ စပါးနဲ့ပွဲမှာ နောက်ခံလူ မာတီနက်ဇ် ပြန်လာနိုင်ခဲ့တဲ့အပေါ် အားရဝမ်းသာနဲ့ ကြိုဆိုနေကြကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်က နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် နှစ်ဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။



ဒုတိယပိုင်း မိနစ် (၆၀) ဝန်းကျင်မှာတော့ ဝါရင့်နောက်ခံလူကြီး အီဗန်စ်နေရာမှာ မာတီနက်ဇ်က လူစားဝင်ကစားခဲ့ပါတယ်။ မာတီနက်ဇ်ဟာ အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်းကတည်းက ဒဏ်ရာပြဿနာတွေကြောင့် လက်ရှိအချိန်အထိ အနားယူခဲ့ရတာပါ။

အခုချိန်မှာတော့ သူက ယူနိုက်တက်နဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းပြီး ပွဲပါ ပြန်ကစားနိုင်တဲ့အထိ ကြံ့ခိုင်မှု ပြည့်ဝလာခဲ့ပါပြီ။ ဒါ့အပြင် လူစားဝင်လာပြီးနောက် မာတီနက်ဇ်က ပြိုင်ဘက်ရှေ့တန်းမှာ ခြေစွာနေတဲ့ ရစ်ချာလီဆန်ကို လေထဲက ဘောလုံးကို စောင့်နေချိန်မှာ ပစ်လဲသွားအောင် ကျူးလွန်ခဲ့ပါတယ်။

ရစ်ချာလီဆန်ဟာ ဒီပွဲမှာ အသင်းအတွက် ပထမချေပဂိုးကို ထောင့်ကန်ဘောကတစ်ဆင့် သွင်းယူခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မာတီနက်ဇ်နဲ့ ပတ်သက်တဲ့ ချီးကျူးစကားသံတွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ တော်တော်လေး ရေပန်းစားလာခဲ့ပါတယ်။

ပရိသတ်တွေက “ရစ်ချာလီဆန်က မာတီနက်ဇ်နဲ့ တစ်ယောက်ချင်းအတွေ့မှာ လဲကျသွားခဲ့ပါပြီ။ မာတီနက်ဇ် ပြန်ကစားလာနိုင်တာက အရမ်းကောင်းပါတယ်” “ကျွန်တော်တို့ မာတီနက်ဇ်ကို အရမ်းလွမ်းနေခဲ့ရတာပါ” လို့ မှတ်ချက်အမျိုးမျိုးပေးရင်း မာတီနက်ဇ်ရဲ့ တစ်ကျော့ပြန် ပွဲကစားခွင့်အပေါ် ချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က