သူ့ကစားသမားကို သူ ပြန်အမွှမ်းတင်လိုက်ပြန်ပါပြီ။

လက်ရှိမှာ ဒမ်ဘီလီရဲ့စာချုပ်ကိစ္စအတွက် ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပြီး ဘာကာပရိသတ်တွေကတော့ အသင်းကနေ ရောင်းထုတ်စေချင်နေကြပါတယ်။ 


ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက သူတို့အသင်းကစားသမား ဒမ်ဘီလီဟာ ဘတ်ပီထက်ပိုကောင်းတဲ့ကစားသမားလို့ ယုံကြည်နေပြီး ပြင်သစ်တောင်ပံကစားသမားကို နူးကမ့်မှာဆက်ရှိနေစေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ဒမ်ဘီလီရဲ့စာချုပ်ကိစ္စအတွက် ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပြီး ဘာကာပရိသတ်တွေကတော့ အသင်းကနေ ရောင်းထုတ်စေချင်နေကြပါတယ်။ 



ဒါပေမယ့် ဒီအပေါ်မှာ လာပေါ်တာက စိုးရိမ်ပူပန်နေခြင်းမရှိဘဲ ကစားသမားကို ဆက်ထိန်းထားနိုင်ဖို့ကိုသာ အာရုံစိုက်နေပါတယ်။ ဒမ်ဘီလီဟာ ဒေါ့မွန်ကနေ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာကို ရောက်ရှိလာခဲ့ပြီး ဒဏ်ရာပြသနာတွေကြောင့် ထင်မှတ်ထားသလို ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရကာ ပြစ်တင်ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ 


လာပေါ်တာက "ဒမ်ဘီလီနဲ့ ကျွန်တော်တို့ကြားမှာ ဆက်ဆံရေးကောင်းတွေရှိပါတယ်၊ သူကလည်း အသင်းမှာဆက်ရှိနေချင်ပါတယ်၊ ကျွန်တော်တို့ကလည်း သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်တာပါ၊ ဘာလို့လဲဆိုတော့ သူက ကစ
ားသမားကောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ညှိနှိုင်းဖို့ လိုအပ်နေပါသေးတယ်"


"သူနဲ့ပတ်သက်ပြီးတော့ ကျွန်တော် စိတ်အားထက်သန်မှုတွေရှိပါတယ်၊ သူက ဘတ်ပီထက်တောင်မှ ပိုကောင်းတဲ့ကစားသမားပါ" လို့ TV3 ကတဆင့် ပြောဆိုခဲ့ကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ ဘာကာနည်းပြသစ်ဇာဗီကလည်း သူ့ရဲ့ကစားကွက်မှာ တောင်ပံကစားသမားကောင်းတစ်ဦးကို လိုအပ်နေပြီး ဒမ်ဘီလီကို အခွင့်အရေးပေးဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က