ဇာဗီဟာ ရောက်ရောက်ချင်းမှာပဲ အသင်းမှာ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်ပံကစာသမားဒမ်ဘီလီကို ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်သူလို့ ပြောဆိုသွားခဲ့ပါတယ်။
ဘာစီလိုနာနည်းပြအဖြစ် တရားဝင်ခန့်အပ်ခြင်းခံလိုက်ရပြီဖြစ်တဲ့ ဇာဗီဟာ အသင်းနဲ့မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အသင်းဖော်ဟောင်းမက်ဆီဆီက ကံကောင်းပါစေဆိုတဲ့ မက်ဆေ့ချ်ကို ရရှိခဲ့တယ်လို့ ဖွင့်ဟခဲ့တဲ့ ဇာဗီဟာ ရောက်ရောက်ချင်းမှာပဲ အသင်းမှာ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်ပံကစာသမားဒမ်ဘီလီကို ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်သူလို့ ပြောဆိုသွားခဲ့ပါတယ်။
မကြာခင်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒမ်ဘီလီနဲ့ပတ်သက်ပြီး ဇာဗီက "ကျွန်တော့်အတွက်တော့ ဒမ်ဘီလီက သူကစားတဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်တဲ့သူပါ၊ ဒါပေမယ့် သူနဲ့အတူအလုပ်လုပ်ဖို့ လိုအပ်နေပြီး တောင်းဆိုမှုတွေလည်း လုပ်ရဦးမှာပါ၊ အဲဒါတွေကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်၊ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအပေါ်မှာ အဓိကကျပါတယ်"
"ဒဏ်ရာပြသနာတွေကနေသာ သူ ကင်းစင်သွားမယ်ဆိုရင် သူ့စွမ်းဆောင်ရည်က အမြင့်ဆုံးအနေအထားမှာရှိနေပါလိမ့်မယ်၊ သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့က ကျွန်တော့်ရဲ့ ဦးစားပေးပါပဲ" လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုမှုအရ ဒမ်ဘီလီဟာ ဇာဗီရဲ့ စီမံကိန်းတွေမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်လာဖို့ရှိနေပြီး နူးကမ့်မှာ သူ့အတွက် အခွင့်အရေးတွေပြန်ရဖွယ်ရှိနေပါတယ်။
ဒါပေမယ့် လက်ရှိအနေအထားအရတော့ တစ်ပွဲကန်ပြီးတိုင်း ဒဏ်ရာပြသနာကြောင့် ပြန်ပြန်နားရနေတဲ့ ဒမ်ဘီလီကို ကမ္ဘာ့အကောင်းဆုံးဖြစ်လာမယ်လို့ ဇာဗီရဲ့ပြောဆိုမှုက ပရိသတ်တွေအတွက်တော့ ရယ်စရာကောင်းနေမှာ သေချာပါတယ်။ သူ့ပြောဆိုမှုအတိုင်း ဖြစ်မြောက်အောင် ဇာဗီလုပ်ပြနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။