ဝင်ငွေက ကျပ်သန်း (၉,၀၀၀)ကျော်ရရှိခဲ့ပါတယ်။

၂၀၁၇-၂၀၁၈အစီရင်ခံစာအရ YRTAအနေနဲ့ ရရှိတဲ့ ဝင်ငွေနဲ့ယှဉ်ပြီး နိုင်ငံတော်ကိုအခွန်ပေးဆောင်ထားခြင်းမရှိသေးတာကြောင့် အထက်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အရ အခွန်ပေးဆောင်ရမယ်ဆိုရင်လည်း ပေးဆောင်မယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။  

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၂၀၁၈အစီရင်ခံစာအရ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရရှိခဲ့တဲ့ဝင်ငွေအပေါ်မှာ အသုံးစရိတ်အားလုံးသုံးစွဲပြီး ပိုလျှံငွေ ကျပ်သန်း(၇,၀၀၀)ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ အစီရင်ခံစာအရ YRTA အနေနဲ့ ပိုလျှံငွေ ကျပ်သန်း(၇,၀၀၀)ကျော်ရရှိခဲ့သော်လည်း တိုင်းလွှတ်တော်အစည်းအဝေးမှာ စာရင်းစစ်ချုပ်က ဝင်ငွေခွန်မဆောင်ထားကြောင်း ထောက်ပြထားတာနဲ့ ပတ်သက်ပြီး အထက်ကဆောင်ခိုင်းရင် အခွန်ဆောင်မယ်လို့ YRTA တွဲဖက်အတွင်းရေးမှူးက YRTA (၃)နှစ်ပြည့်အခမ်းအနားမှာမီဒီယာတွေကိုပြောပါတယ်။

“ ဝင်ငွေခွန်ဆောင်ဖို့ ကျွန်တော်တို့ဝန်မလေးပါဘူး။ ဒီငွေတွေကလည်း ကျွန်တော်တို့သုံးဖို့မဟုတ်ဘူး။ နိုင်ငံတော်အတွက်နဲ့ပြည်သူအတွက်ပဲဖြစ်တဲ့အတွက် အခွန်ဆောင်ဆိုလည်းအမြဲတမ်းဆောင်ဖို့အသင့်ပါ။ ဒီကိစ္စက ကျွန်တော်တို့ထက်ကြီးတဲ့ အထက်အဖွဲ့အစည်းက သုံးသပ်ပါလိမ့်မယ်။ ကျွန်တော်တို့က ပေးဆောင်ရန်လိုအပ်ပါတယ်ဆိုရင် YRTAအနေနဲ့အမြဲတမ်းပေးဆောင်ဖို့အသင့်ပါ” လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မီဒီယာတွေကိုပြောပါတယ်။ 

YRTAဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေကျပ်သန်း (၉,၀၀၀)ကျော်ရရှိခဲ့ပြီး ကုန်ကျခဲ့တဲ့ အသုံးစရိတ်က ကျပ်သန်း(၂,၀၀၀)နီးပါးသာ ကုန်ကျခဲ့တယ်လို့သိရပါတယ်။ YRTA လက်အောက်ရှိ အများပိုင်ကုမ္ပဏီတွေဖြစ်တဲ့ YUPT နဲ့ YBPC ကုမ္ပဏီနှစ်ခုကတော့ ဝင်ငွေထက်အသုံးစရိတ်ပိုများပြီး အရှုံးပေါ်နေတာဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

YRTA ရဲ့ ဦးဆောင်မှုနဲ့ ရန်ကုန်တိုင်းအတွင်းရှိ ဘတ်(စ်)ကားများကို YBS လိုင်းများအဖြစ် ပြောင်းလဲ ပြေးဆွဲတာ ယခုဆိုရင် (၃)နှစ်ပြည့်ပြီဖြစ်ပြီး လက်ရှိမှာတော့ ပြည်သူလူထုသွားလာရေးအတွက် ကားအစီးရေ (၄၅၀၀)နဲ့ပြေးဆွဲဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က