အကောင်းဆုံး ကြိုးစားနေကြပါတယ်တဲ့။

ဒါရိုက်တာဝိုင်းက ‘’ပပဝတီ စီရင်ခန်း’’ ရုပ်ရှင်ဇာတ်ကားကြီးကို နာမည်ကျော် မင်းသား၊ မင်းသမီးတွေနဲ့ ပုံဖော်ရိုက်ကူးနေပါတယ်။ သူဟာ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတွေကို ပုံဖော်ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။

Photo: ဝိုင်း

ဒါရိုက်တာဝိုင်းက ကိုယ်တိုင် ပုံဖော်ရိုက်ကူးနေတဲ့ ‘’ပပဝတီ စီရင်ခန်း’’ ရုပ်ရှင်ဇာတ်ကားကြီး အပေါ် ကြိုးစား အားထုတ်မှုတွေ အကြောင်း ပြောပြလာပါတယ်။

‘’ ပပဝတီ စီရင်ခန်း..ငါးဆယ်ရာခိုင်နူန်းပြီးသွားပါပြီ။ အကောင်းဆုံးဖြစ်အောင်..ကြိုးစားနေကြပါတယ်’’ ဆိုပြီးတော့ ဒါရိုက်တာ ဝိုင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇန်နဝါရီလ ၄ ရက်နေ့က စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Photo: Amazing Grace

‘’ပပဝတီ စီရင်ခန်း’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နာမည်ကျော် မင်းသားမင်းသမီးတွေ ပါဝင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ထွန်းထွန်း၊ အလင်းရောင်၊ ဖွေးဖွေး နဲ့ မိုးဟေကိုတို့က အဓိက သရုပ်ဆောင်ထားပါတယ်။ အမြဲတမ်းလိုလို ထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ရုပ်ရှင်ဖန်တီးလေ့ရှိတဲ့ ဒါရိုက်တာ ဝိုင်းရဲ့ ‘’ပပဝတီ စီရင်ခန်း’’ ရုပ်ရှင်ဇာတ်ကားကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားရှိလှပါတယ်။

Photo: ဝိုင်း

ဒါရိုက်တာ ဝိုင်းဟာ ၂၀၁၃ ခုနှစ်က ‘’စေတန်ရဲ့ ကချေသည်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၅ ခုနှစ်မှာ ‘’ကျွန်မက နှင်းဆီပါ မောင်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆု ကို ထပ်မံရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကိုယ်ပိုင်ဇာတ်ညွှန်းဆုကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။

Photo: ဝိုင်း

ဒါရိုက်တာ ဝိုင်း ကိုယ်တိုင် ရိုက်ကူးထားတဲ့ ‘’သမ္မတကြီးထံ ပေးစာ’’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ပေးပွဲ စာရင်းမှာ ဆန်ခါတင် ဇာတ်ကားတစ်ကားအဖြစ် ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ပါဝင်ကြတဲ့ သရုပ်ဆောင်တွေနဲ့ အတူ ဇာတ်လမ်းဇာတ်အိမ် ပုံဖော်တင်ဆက်မှုကောင်းခဲ့တာတွေကြောင့် ဒီနှစ်မှာလည်း သူ့ရဲ့ ပရိသတ်တွေက ဘယ်လို အကယ်ဒမီဆုတွေ ဆွတ်ခူးနိုင်မလဲ ဆိုတာကို စိတ်လှုပ်ရှားလို့နေပါတယ်။ 

Share

Loading Next Article...
က္က