ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ကြီးကြီးမားမား သုံးစွဲလိုခြင်းမရှိခဲ့ပါဘူး။

ယူနိုက်တက်ဟာ ဒါဝင်နူနက်ဇ်ကို ပြောင်းရွှေ့ကြေးကြီးကြီးမားမား ပေးခေါ်ပြီး အရင်ကလို အမှားမျိုးတွေ ထပ်မံမပြုလုပ်လိုတာကြောင့် ဒီအပြောင်းအရွှေ့ကို လက်ရှောင်သွားတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားအတွက် လီဗာပူးက ကနဦးပြောင်းရွှေ့ကြေး ပေါင် (၈၅) သန်း အသုံးပြုဖို့ ပြင်ဆင်ထားပြီး ယူနိုက်တက်ကလည်း အပြိုင်ကြိုးစားခဲ့သေးတာပါ။



လီဗာပူးဟာ မာနေးနေရာကို အစားထိုးဖို့အတွက် ဒါဝင်နူနက်ဇ်လို အရည်အသွေးမြင့်တိုက်စစ်မှူးကို သေချာပေါက် ခေါ်ယူဖို့ လိုအပ်နေပြီး အသည်းအသန်ကြိုးစားနေပါတယ်။ ကစားသမားဘက်ကလည်း လီဗာပူးကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီပြီးပြီလို့ သတင်းတွေက ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်က ဒါဝင်နူနက်ဇ်ကို ကြားဖြတ်ခေါ်ယူဖို့ အသည်းအသန်ကြိုးစားခဲ့ပြီး အခုတခါမှာတော့ နောက်ပြန်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ယူနိုက်တက်ဟာ ရှေ့မှာ အပြောင်းအရွှေ့ကြီးကြီးမားမားတွေ ပြုလုပ်ရင်း ထင်သလောက်မအောင်မြင်ခဲ့တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။

ယူနိုက်တက်ဟာ ပေါ့ဘာ၊ မက်ဂွိုင်းရား၊ ဆန်ချို၊ ဒီမာရီယာတို့ကို စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီအပြောင်းအရွှေ့တွေ မအောင်မြင်ခဲ့တာကြောင့် ဒါဝင်နူနက်ဇ်ကို လီဗာပူးနဲ့အပြိုင် ကြေးပေးကမ်းလှမ်းဖို့ လက်တွန့်နေတာပါ။ ဒါ့အပြင် အသက် (၂၂) နှစ်အရွယ် ဒါဝင်နူနက်ဇ်က ပရီးမီးယားလိဂ်နဲ့ အသားကျ၊ မကျဆိုတာလည်း ခန့်မှန်းရခက်နေတာကြောင့် ကျရှုံးတဲ့အပြောင်းအရွှေ့ဖြစ်လာမှာကိုလည်း စိုးရိမ်နေပါတယ်။

အခြားသောသတင်းတွေရဲ့ ဖော်ပြချက်အရ ပေါ်တူဂီမှာ အဲရစ်တန်ဟက်ခ်နဲ့ အေးဂျင့်ဂျော့ချ်မန်ဒက်စ်တို့ တွေ့ဆုံခဲ့တာက ဒါဝင်နူနက်ဇ်အတွက်မဟုတ်ဘဲ အဆန်စီယိုအတွက်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်တို့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပြီလို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ 

Share

က္က