ချက်ချင်းဆိုသလိုပဲ အန်ဒီကိုးလ်က တုံ့ပြန်မှုတွေလုပ်သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးအန်ဒီကိုးလ်ဟာ မန်စီးတီးနဲ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူးဒါဝင်နူနက်ဇ်နဲ့ ခိုင်းနှိုင်းခံရတဲ့အပေါ်မှာ ဒေါသထွက်နေပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ အသင်းဖော်ဆာလာအတွက် ဖန်တီးမှုတကြိမ်လုပ်ပေးခဲ့ပေမယ့် သူကိုယ်တိုင်အပိုင်အခွင့်အရေးရချိန်မှာတော့ အံ့အားသင့်ဖွယ်ရာ လွဲချော်ခဲ့သူဖြစ်ပါတယ်။ 

သူ့ရဲ့ ကစားပုံကို အန်ဒီကိုးလ်နဲ့ ပရိသတ်တွေက ခိုင်းနှိုင်းခဲ့ချိန်မှာ ယူနိုက်တက်ဂန္ထဝင်က ဒေါသထွက်နေခဲ့တာပါ။ အန်ဒီကိုးလ်ကတော့ ယူနိုက်တက်အတွက် ၁၉၉၅ ကနေ ၂၀၀၂ အထိ ကစားပေးခဲ့ပြီး ပွဲပေါင်း ၂၄၅ ပွဲမှာ ၁၂၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး အောင်မြင်မှုတွေလည်း အများအပြားရယူနိုင်ခဲ့ပြီး ကျော်ကြားခဲ့ပါတယ်။ 

လီဗာပူးလ်ပရိသတ်တဦးဖြစ်သူ DaveOCKOP ဆိုသူက ခိုင်းနှိုင်းရေးသားခဲ့ပြီး အဆိုပါ Tweet ကို ပြန်လည်ဖျက်သွားခဲ့ပေမယ့် အန်ဒီကိုးလ်ကတော့ ဒီလိုပြောဆိုခဲ့တာကို တွေ့မြင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူက "အန်ဒီကိုးလ်နဲ့ နူနက်ဇ်၊ ကျနော်က ပျော်ပျော်ကြီးအနားယူခဲ့တာပါ၊ အမှတ်ပေးဖလား ၅ လုံး၊ အက်ဖ်အေဖလား ၂ လုံး၊ လိဂ်ဖလား ၁ လုံး၊ ချန်ပီယံလိဂ်ဖလား ၁ လုံးနဲ့ ရွှေဖိနပ်ဆုတွေပါ ရခဲ့ပါတယ်"

"ပရီးမီးယားလိဂ်မှာ ၁၈၇ ဂိုးအထိ သွင်းယူခဲ့ပြီး ပင်နယ်တီ ၁ ကြိမ်ပဲ ပါပါတယ်၊ ငါ့ဘ၀မှာ ဒါတွေကို လုပ်နိုင်ခဲ့တယ်" လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ပြောဆိုမှုကို DaveOCKOP က "အန်ဒီ၊ ခင်ဗျားက ထိပ်တန်းကစားသမားပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်နဲ့ ဆာလာတို့လို အကောင်းဆုံးတိုက်စစ်မှူး ၃ ဦး အပိုင်အခွင့်အရေး ၃ ကြိမ်စီတောင် လွဲခဲ့ကြတယ်" လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ 

အန်ဒီကိုးလ်ကလည်း "ငါ့နာမည်ကို မလေးမစားလုပ်နေတာတွေကို ရပ်တန့်သင့်နေပြီ၊ ဘာလို့လဲဆိုတော့ ငါ ပွဲတွေမကစားတော့ဘူးလေ၊ ဘ၀ကို တိတ်တိတ်လေးဖြတ်သန်းနေတဲ့ လူတွေက ငါ့ကို လေးစားဖို့မလိုဘူးလို့ ထင်နေကြတယ်၊ ကိန်းဂဏန်းတွေကိုကြည့်ပြီးတခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ" လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်ကတော့ ဘင်ဖီကာကနေ လီဗာပူးလ်ကို ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့ရဲ့ အံ့အားသင့်ဖွယ်ရာလွဲချော်မှုတွေကြောင့် ဝေဖန်လှောင်ပြောင်ခံနေရတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က