NFTs တချို့ကို မူလပိုင်ရှင်တွေဆီ ပြန်ပေးခဲ့တဲ့တယ်ဆိုတာပါပဲ

နာမည်ကျော် NFT Marketplace တစ်ခုဖြစ်တဲ့ OpenSea ပေါ်က ရာနဲ့ချီတဲ့ NFT တွေ စနေနေ့က အခိုးခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

Blockchain Security Service တစ်ခုဖြစ်တဲ့ PeckShield ကနေ ထုတ်ပြန်တဲ့ OpenSea Phishing တိုက်ခိုက်မှုအတွင်း အခိုးခံလိုက်ရတဲ့ NFT List ထဲမှာ NFT Tokens ပေါင်း ၂၅၄ ခုပါသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အခိုးခံလိုက်ရတဲ့ Tokens တွေထဲမှာ နာမည်ကျော် Decentraland နဲ့ Bored Ape Yacht Club တို့က Tokens တွေလည်း ပါတယ်လို့ ဆိုပါတယ်။ 



Photo: Gizmochina


စနေနေ့ အရှေ့တိုင်းစံတော်ချိန် ညနေ ၅ နာရီကနေ ၈ နာရီအတွင်း ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုအတွင်းမှာ OpenSea သုံးစွဲသူ ၃၂ ဦးအထိ ပစ်မှတ်ထားခံလိုက်ရတာပါ။ Web3 is Going just great ဘလော့ဂ်ရေးတဲ့ မိုလီဝှိုက်ရဲ့ ခန့်မှန်းချက်အရ ဒေါ်လာ ၁.၇ သန်းကျော်တန် Tokens တွေ အခိုးခံလိုက်ရတယ်လို့ ဆိုပါတယ်။ 

NFT စမတ်ကန်ထရိုက်အများစုမှာ သုံးတဲ့ Wyvern Protocol open-source စံမှာ ပါတဲ့ အားနည်းချက်ကနေ Phishing Attack လုပ်ဆောင်ခဲ့တာပါ။ တိုက်ခိုက်မှုဖြစ်ပွားပြီး တစ်နာရီကျော်အကြာမှာ ပြင်ပက လင့်ခ်တွေကို ကလစ်နှိပ်တာမျိုး ရှောင်ရှားဖို့ Opensea က သုံးစွဲသူတွေကို သတိပေးစာ ထုတ်ခဲ့ပါတယ်။ 

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒီ Phishing Attack ကို လုပ်ဆောင်ခဲ့တဲ့ ဟက်ကာဟာ NFTs တချို့ကို မူလပိုင်ရှင်တွေဆီ ပြန်ပေးခဲ့တယ်ဆိုတာပါပဲ။ တစ်ယောက်ဆို ဟက်ကာဆီကနေ ကန်ဒေါ်လာ ၁ သိန်း ၃ သောင်းခန့်တန် ETH ၅၀ ရခဲ့တယ်လို့ Kotaku သတင်းက ဖော်ပြပါတယ်။ 

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းက တည်ထောင်ခဲ့တဲ့ OpenSea ဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး NFT MarketPlace တွေထဲက တစ်ခုဖြစ်ပြီး ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၁၃ ဘီလျံအထိ တန်တဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ OpenSea ကနေ Blockchain နဲ့ တိုက်ရိုက်ပတ်သက်စရာမလိုဘဲ Tokens တွေ လေလံဆွဲနိုင်တင်နိုင်အောင် လုပ်ဆောင်ထားပါတယ်။ 

Share

Loading Next Article...
က္က