5G ကွန်ရက်ပြောင်းပြီး အသုံးပြုစေဖို့ ဈေးနည်းနည်းနဲ့ ထုတ်လိုက်တာပါ

အိန္ဒိယတယ်လီကွန်းကုမ္ပဏီ Reliance Jio ဟာ 5G ကွန်ရက်အသုံးပြုမယ့်သူတွေအတွက် တန်ဖိုးနည်းဖုန်းတစ်မျိုး ထုတ်ဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ Reliance Jio ဟာ Google နဲ့ ပေါင်းပြီး တန်ဖိုးနည်း 4G စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ JioPhone Next ကို မိတ်ဆက်ပြသခဲ့ပါတယ်။ အဲ့ဒီအချိန်က ၁၈ လ လစဉ်အရစ်ကျ ရူပီး ၃၀၀ (မြန်မာငွေ ၄၅၀၀ ကျပ်နှုန်း) ၊ ဝန်ဆောင်ခ ၅၀၁ ရူပီး (မြန်မာငွေ ၁၂၅၀၀ ကျပ်နှုန်း) နဲ့ ရူပီး ၂၀၀၀ (မြန်မာငွေ ၅ သောင်းလောက်) ဈေးနဲ့ ရောင်းချခဲ့ပြီး အရစ်ကျမဟုတ်ဘဲ ငွေအကြေပေးသူတွေကို ရူပီး ၆၅၀၀ (မြန်မာငွေ ၁ သိန်းခွဲကျော်ဈေး) ရောင်းချသွားတာပါ။ 





4G ဖုန်းတွေကို ဈေးနည်းနည်းနဲ့ ရောင်းချတာဟာ 2G,3G ဖုန်းတွေကနေ မတက်နိုင်တဲ့ သန်းနဲ့ချီတဲ့ Jio စာရင်းသွင်းအသုံးပြုသူတွေအတွက် 4G ကွန်ရက်ကို ကူးပြောင်းနိုင်ဖို့ ရည်ရွယ်ထားတာပါ။ Counterpoint Research ရဲ့ ဈေးကွက်ဆန်းစစ်သူတွေရဲ့ အဆိုအရ Jio ကုမ္ပဏီဟာ 5G ကွန်ရက် အလုံအလောက် တိုးချဲ့ပြီးတာနဲ့ အသုံးပြုသူတွေကို 5G ကူးပြောင်းစေဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

Jio ရဲ့ 5G ဖုန်းဟာ ရူပီး ၈၀၀၀ ကနေ ၁၂၀၀၀ အတွင်း (ကျပ် ၂ သိန်းကျော်ကနေ ၃ သိန်းအတွင်း) ကျသင့်မယ်လို့ ပြောပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ်အထိ Jio ဟာ mmWave တန်ဖိုးသင့်ဖုန်းတွေဖြန့်ချိဖို့ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ JioPhone Next 5G ဟာ Snapdragon 480 Chipset ကို အဆင်မြှင့်သွားမှာ ဖြစ်ပြီး RAM 4GB / 32GB Storage တို့ကို သုံးသွားမယ်လို့ ဖော်ပြထားသလို မျက်နှာပြင်ဆိုဒ်ကိုလည်း ၆.၅ လက်မ HD+ LCD Display ၊ အကြီးစား 5000mAh ဘက်ထရီတို့ ပါဝင်မယ်လို့ ပြောပါတယ်။ 

Jio ထုတ် တန်ဖိုးနည်းစမတ်ဖုန်းတွေဟာ Google နဲ့ ပေါင်းပြီး Android Go ကို Customize လုပ်ထားတဲ့ Pragati OS ကို အသုံးပြုထားတာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က