Apple ထုတ်ကုန်တွေအတွက် Processor တွေ အဓိကထုတ်လုပ်ပေးနေတဲ့ TSMC ဟာ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာ Chip စက်ရုံသစ် တည်နေပါတယ်။
ဒေါ်လာ ၁၂ ဘီလျံ ရင်းနှီးမြှပ်နှံမှုလုပ်ထားတဲ့ ဒီစက်ရုံသစ်ကနေ 3nm chip တွေ ထုတ်လုပ်ဖို့ အာရုံစိုက်နေတယ်လို့ TSMC တည်ထောင်သူ မောရစ် ချန်က အတည်ပြုလိုက်ပါတယ်။ ဒီစက်ရုံဟာ လက်ရှိ 5nm chip ဒီဇိုင်းတွေ ထုတ်ပေးနေတဲ့ ဖီးနစ်မြို့ wafer fab စက်ရုံအနီးမှာ ရှိပါတယ်။ TSMC ဟာ ဒီဇင်ဘာ ၆ ရက်နေ့မှာ စက်ရုံသစ်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းတပ်ဆင်ရေးအခမ်းအနားတစ်ခုပါ ကျင်းပဖို့ မျှော်လင့်ထားပါတယ်။
Photo: GSMArena
လက်ရှိကြားရတဲ့ သတင်းတွေအရ TSMC ဟာ ထွက်လာမယ့် iPad နဲ့ Mac ကွန်ပျူတာတွေအတွက် နောက်မျိုးဆက် Apple iPhone chipsets နဲ့ Apple Silicone SoCs ကို N3 process ပေါ် အခြေခံထားတဲ့ 3nm chips တွေ ထုတ်လုပ်ပေးမယ်လို့ ဆိုပါတယ်။ Apple ကလည်း လာမယ့် ၂၀၂၄ ခုနှစ်ကစပြီး အမေရိကန်ထုတ် Chips တွေ သုံးတော့မယ်လို့ ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က အတည်ပြုပြောထားပါတယ်။
အလုပ်ကိစ္စနဲ့ ဂျာမနီကို သွားတဲ့ ခရီးစဉ်တစ်ခုအတွင်းမှာ Apple CEO တင်မ်ကွတ်က "အရီဇိုးနားမှာ ရှိတဲ့ စက်ရုံတစ်ရုံက ဝယ်ဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။ အရီဇိုးနားစက်ရုံက ၂၀၂၄ မှာ စလည်ပတ်မှာ ဖြစ်လို့ နောက်နှစ်နှစ် ဒီထက်လည်း စောနိုင်တယ်ပေါ့။ စီမံကိန်းတွေ ပေါ်လာပြီဖြစ်လို့ ဥရောပကနေ မှာဖို့လည်း သေချာနေပါတယ်။" လို့ ကုမ္ပဏီရဲ့ လက်လီနဲ့ လူ့စွမ်းအားအရင်းအမြစ် အကြီးအကဲ အက်ဒီချူး နဲ့ ဒီယာဒရေး အိုဘရိုင်ယန်တို့နဲ့ တွေ့ဆုံမှုမှာ ပြောသွားတာပါ။
TSMC ရဲ့ အဓိကစက်ရုံတွေဟာ ထိုင်ဝမ်မှာ ရှိနေတာ ဖြစ်ပေမယ့် အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် ကာမူးစ်မြို့ နဲ့ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တို့မှာ စက်ရုံတွေ တိုးချဲ့နေသလို တက္ကဆက်ပြည်နယ် အော်စတင် နဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးတို့မှာလည်း ဒီဇိုင်းစင်တာတွေလည်း ဖွင့်လှစ်ထားပါတယ်။ ခန့်မှန်းချက်တွေအရ TSMC ဟာ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်းမှာ Chip တင်ပို့မှု အစုစုရဲ့ ၇၀% အထိ ထိန်းချုပ်ထားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။