Meta ရဲ့ နည်းပညာမြင့် VR Headset သစ်ကို မိတ်ဆက်လိုက်တာပါ

မြန်မာငွေ ၃၅ သိန်းဝန်းကျင်တန်မယ့် နည်းပညာမြင့် ပုံရိပ်ယောင် VR Headset သစ်တစ်မျိုးကို Meta က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ 

Meta CEO မတ်ခ်ဇူကာဘတ်ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် Virtual Reality Headset သစ်တစ်မျိုးဖြစ်တဲ့ Meta Quest Pro သစ်ကို ကြာသာပတေးနေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ Meta ရဲ့ Connect ကွန်ဖရင့်မှာ မိတ်ဆက်လိုက်တဲ့ Meta Quest Pro သစ်ဟာ ဒေါ်လာ ၁၅၀၀ ဈေးနဲ့ မိတ်ဆက်လာတာ ဖြစ်ပြီး ဒီ VR Headset ဟာ ၂၀၂၀ ထွက် Meta Quest 2 Headset ထက် ဒေါ်လာ ၁၁၀၀ ကျော် ပိုပြီး ဈေးမြောက်နေပါတယ်။ 



Photo: Future


ပရီမီယံဈေးနဲ့ မိတ်ဆက်လာတဲ့ Meta Quest Pro သစ်ဟာ အရင်ထုတ်ကုန်ထက် ပိုအဆင့်မြင့်တဲ့ ဂရပ်ဖစ်တွေ ထုတ်ပေးနိုင်တဲ့ Qualcomm ထုတ် Mobile Snapdragon XR2+ Computer Chip လို နည်းပညာသစ်တွေ ပါဝင်ပါတယ်။ Quest Pro VR Headset သစ်ဟာ ပိုကောင်းမွန်တဲ့ မြင်ကွင်းဖတ်ရှုမှုအတွေ့အကြုံရနိုင်ဖို့အတွက် မှန်ဘီလူး Lens အသစ်နဲ့ လက်လှုပ်ရှားမှုကို ခြေရာခံရာမှာ ပိုပြီး တိုးတက်ကောင်းမွန်စေဖို့ Sensors တွေ ထည့်သွင်းထားတဲ့ အထိအတွေ့ထိန်းချုပ်စနစ်တွေလည်း ပါဝင်ပါတယ်။ 

Meta Quest Pro ဟာ ‌ခေါင်းဆောင်းရ အဆင်ပြေစေဖို့ Headset ရဲ့ နောက်ဘက်မှာ ကွေးညွှတ်တဲ့ ဘက်ထရီတစ်ခု ပါရှိပါတယ်။ ရုပ်ထွက်မြင့် အပြင်လှည့်ကင်မရာတွေသုံးထားပြီး Pixels အရေအတွက်အရ အရင်မျိုးဆက် Meta Quest 2 ထက် ၄ ဆ ပိုဖမ်းယူနိုင်မယ်လို့လည်း ဆိုပါတယ်။ Display အမျိုးအစားကိုတော့ LCD Display အမျိုးအစားသုံးထားပါတယ်။ တခြား Features တွေအနေနဲ့ 12GB RAM , 256GB Storage တို့အပြင် 3D ပုံရိပ်ယောင်နယ်ထဲမှာ တည်နေရာကို ခြေရာခံနိုင်တဲ့ Touch Pro Controller နဲ့ 45W Charging Dock တစ်ခုတို့လည်း ထည့်သွင်းထားပါတယ်။


ပုံရိပ်ယောင်ကမ္ဘာနဲ့ ပြင်ပလောကထဲက အရာဝတ္ထုတွေကို ပေါင်းစပ်ပြီး အစစ်အမှန်လောကကြီးနဲ့ဖန်တီးလောကအတွေ့အကြုံတွေကို ပေါင်းစပ်ခံစားနိုင်စေဖို့ Mixed Reality Features တွေလည်း ပါဝင်မှာပါ။ Meta Quest Pro VR Headset သစ်ဟာ Metaverse ဖန်တီးရေးမှာ အရေးပါတဲ့ အသွင်လက္ခဏာတစ်ခုဖြစ်လာမယ်လို့ မတ်ခ်ဇူကာဘတ်က ပြောပါတယ်။ Meta CEO မတ်ခ်ဇူကာဘတ်ဟာ VR နဲ့ AR headsets တွေကနေ တစ်ဆင့် လူတွေကို ဒီဂျစ်တယ်ကမ္ဘာကြီးထဲမှာ ကျင်လည်စေချင်တဲ့ Metaverse စီမံကိန်းအပေါ် ဒေါ်လာဘီလျံပေါင်းများစွာ ပုံအောမြှပ်နှံထားပါတယ်။ 

AR/VR Developers တွေတက်ရောက်ကြတဲ့ Meta Connect ကွန်ဖရင့်မှာ Microsoft အမှုဆောင်အရာရှိချုပ် ဆတ္တယာ နာဒဲလာလည်း တက်ရောက်ခဲ့ပြီး ကုမ္ပဏီရဲ့ လုပ်ငန်းခွင်သုံး Apps တွေကို Quest VR ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ရေးအတွက် Meta နဲ့ ဆွေးနွေးခဲ့ပါတယ်။ လက်ရှိမှာ Microsoft ထုတ် Apps တချို့ဟာ Quest VR Headset နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီ ဖြစ်ပြီး ဒီလို apps တွေထဲမှာ Team ရဲ့ Chat app ၊ Microsoft 365 Suite လုပ်ငန်းသုံးဆော့ဖ်ဝဲလ်နဲ့ ကုမ္ပဏီရဲ့ Xbox Cloud Gaming Service တို့လည်း ပါဝင်ပါတယ်။ 


Photo: Bloomberg

"Quest ပေါ်က ဧရာမမှန်ပြင်ပေါ် တင်ထားတဲ့ Xbox controller နဲ့ နှစ်ဖက်မြင် 2D ဂိမ်းတွေ ကစားနိုင်ပါလိမ့်မယ်။" လို့ နာဒဲလာက ဆိုပါတယ်။ "ဒါက အစောပိုင်းကာလပဲ ရှိပါသေးတယ်။ နောက်လာမယ့်အရာတွေအတွက် စိတ်လှုပ်ရှားနေပါတယ်။"

Meta ရဲ့ Quest Pro VR Headset သစ်ကို အနက်နဲ့ အဖြူနှစ်ရောင်နဲ့ လာပြီး အောက်တိုဘာ ၂၅ ရက်နေ့မှာ ဈေးကွက်ထဲ တင်ပို့သွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က