Snapchat Spectacles စတိုင် စမတ်မျက်မှန်ပါ

Ray-Ban မျက်မှန်ကုမ္ပဏီ နဲ့ ပေါင်းပြီး ဖန်တီးထားတဲ့ Facebook ရဲ့ ပထမဆုံးစမတ်မျက်မှန်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

           Augmented-Reality လုပ်ဆောင်ချက်တွေပါဝင်တဲ့ စမတ်မျက်မှန်ထုတ်မယ်ဆိုပြီး ကာလရှည် သတင်းတွေ ထွက်နေတဲ့ Facebook ကုမ္ပဏီအတွက် Ray-Ban Stories လို့ နာမည်ပေးထားတဲ့ ဒီစမတ်မျက်မှန်ဟာ ဧရာမအပြောင်းအလဲတစ်ခုရဲ့ အစလို့ ဆိုနိုင်ပါတယ်။ Ray-Ban မျက်မှန်ကုမ္ပဏီ EssilorLuxottica နဲ့အတူ ပူးပေါင်းဖန်တီးလိုက်တဲ့ Ray-Ban Stories မျက်မှန်ဟာ စမတ်ထုတ်ကုန်ဖြစ်တဲ့အတိုင်း ဓါတ်ပုံနဲ့ ဗွီဒီယိုတွေ ရိုက်ကူးနိုင်ဖို့ ကင်မရာတစ်စုံ ၊ သီချင်းတွေ နားထောင်ဖို့ မိုက်ခရိုဖုန်းတစ်ခု ၊ အသံနဲ့ စေခိုင်းနိုင်မယ့် Voice Assistant နည်းပညာတွေလည်း တပ်ဆင်ထားတာပါ။





Photo: Tech Crunch

           ဒီမျက်မှန်တပ်ထားသူဟာ ဖုန်းခေါ်တာ ၊ သီချင်းနားထောင်တာ ၊ ဗွီဒီယိုတွေ ဓါတ်ပုံတွေ ရိုက်တာ ၊ ရိုက်ထားတဲ့ ဗွီဒီယိုနဲ့ ဓါတ်ပုံတွေကို Companion App သုံးပြီး Facebook ပိုင်လူမှုကွန်ရက်တွေပေါ် Share တာတွေ လုပ်ဆောင်နိုင်မယ်လို့ Reuters သတင်းက ဆိုပါတယ်။ Ray-Ban Stories စမတ်မျက်မှန်ဟာ Facebook ရဲ့ ပြိုင်ဘက် Snapchat ရဲ့ Spectacles တွေကနေ အိုင်ဒီယာယူထားတာလို့ ဆိုနိုင်ပါတယ်။

           Facebook ဟာ အရင်ကလည်း Snapchat ရဲ့ features တွေအတိုင်း လိုက်ပြီး တုပဖန်တီးမှုတွေ လုပ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်မျက်မှန် Ray-Ban Stories မှာပါတဲ့ Stories ဆိုတဲ့ နာမည်ဟာ Snapchat တည်ထောင်သူ အီဗန်စပိုက်ဂဲလ် တီထွင်ထားတဲ့ နာမည်ကို ပြန်သုံးထားတာ ဖြစ်ပါတယ်။ Ray-Ban Stories မျက်မှန်ဟာ ကာလာ ၊ ဒီဇိုင်း အမျိုး ၂၀ နဲ့ ထွက်ထားပြီး ၂၉၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

           ၂၀၂၀ ပြည့်နှစ်မှာ Facebook ဟာ ဝင်ငွေ ဒေါ်လာ ၈၆ ဘီလျံခန့် ရရှိခဲ့ပြီး ဝင်ငွေအများစုဟာ ကြော်ငြာကဏ္ဍကနေ ရရှိတာ ဖြစ်ပေမယ့် အနာဂါတ်အတွက် ရင်းနှီးမြှပ်နှံမှုကိုတော့ Oculus VR Headset နဲ့ AR မျက်မှန်တွေကို support ပေးနိုင်မယ့် စမတ်လက်ပတ်ထုတ်လာလိုမျိုး AR/VR ထုတ်ကုန်တွေအပေါ် အကြီးအကျယ် အာရုံစိုက်နေပါတယ်။

       


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က