ခေတ်သစ်ခရီးသွားရေးစီမံကိန်းထဲမှာ အကြီးဆုံးနဲ့ အအောင်မြင်ဆုံးအဆောက်အဦ ဖြစ်လာမယ်လို့လည်း ပြောထားပါတယ်။

ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းနဲ့ စီးပွားရှာသွားမယ့် ယူအေအီးနိုင်ငံဟာ ဒူဘိုင်းမြို့ပေါ်မှာ အပန်းဖြေခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် အဆောက်အဦတစ်ခု တည်ဆောက်နေပါတယ်။ 



ဒူဘိုင်းမှာ တည်ဆောက်နေတဲ့ နောက်ထပ်အဆောက်အဦတစ်ခုက ကောင်းကင်ပေါ်က လအတိုင်းပုံစံတူ ဇိမ်ခံအပန်းဖြေ Resort တစ်ခု ဖြစ်ပါတယ်။ ဒီအပန်းဖြေဟိုတယ်ဟာ ဒူဘိုင်းမြို့တော်ရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ဆောင်မှု ၊ ဖျော်ဖြေရေး ၊ ဧည့်သည်ဆွဲဆောင်ရေး ၊ ပညာရေး ၊ နည်းပညာ ၊ သဘာဝပတ်ဝန်းကျင်နဲ့ အာကာသခရီးသွားလာရေးဆိုင်ရာ စီးပွားရေးကဏ္ဍကိုပါ တိုးတက်လာစေနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။ 



Arabian Business သတင်းအရ "ဒူဘိုင်းမှာ ခရီးသွားလာအပန်းဖြေရေးပုံစံအနေနဲ့ ဒေါ်လာ ၅ ဘီလျံ (ယူအေအီး ဒါဟမ် ၁၈ ဘီလျံ) လပုံစံအဆောက်အဦတစ်ခု ရှိလာပါမယ်။ ကနေဒီယန် ဗိသုကာကုမ္ပဏီနဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာ လိုင်စင်ရလုပ်ငန်း Moon World Resorts Inc က ကိုင်တွယ်သွားမှာပါ။ ဆန်ဒရာ ဂျီ မက်သရူးစ် နဲ့ မိုက်ကယ် အာ ဟန်ဒါဆန်တို့ ပူးပေါင်းတည်ထောင်ထားတဲ့ ဒီ Resort ကို ၄၈ လအတွင်း တည်ဆောက်သွားမှာ ဖြစ်ပြီး တစ်ခုလုံးအမြင့်စာ ၇၃၅ ပေ (၂၂၄ မီတာ) အထိ ရှိလာပါမယ်။" လို့ ဖော်ပြထားပါတယ်။ 

လကိုလိုနီတစ်ခုနဲ့ ပတ်ပတ်လည်ကာရံထားတဲ့ ဒီအဆောက်အဦီရဲ့ လမျက်နှာပြင်ဟာ နှစ်စဉ် ဧည့်သည်ပေါင်း ၂.၅ သန်းကို ကုန်ကျစရိတ်သက်သာတဲ့ အာကာသခရီးသွားလာရေးအတွေ့အကြုံတွေ ပေးနိုင်မယ်လို့လည်း Arabian Business သတင်းက ဆိုပါတယ်။ ယူအေအီးနိုင်ငံဟာ ဒီနှစ် ပထမနှစ်ဝက်အတွင်းမှာကို ခရီးသွားလာရေးဝင်ငွေကနေ ဝင်ငွေ ဒေါ်လာ ၅ ဘီလျံကျော် ရရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ 

၂၀၂၁ ခုနှစ်က COVID ကူးစက်မှုတွေ ဖြစ်နေချိန်မှာ ဟိုတယ်ခန်းတွေဟာ ၄၀% ကျော် ပြည့်နေခဲ့တယ်လို့ ယူအေအီး ဝန်ကြီးချုပ်နဲ့ ဒူဘိုင်းကို အုပ်ချုပ်တဲ့ မင်းသားရှိတ်ခ်မိုဟာမက် ဘင် ရာဆစ်အယ်လ် မက်ခ်တောင်မ်က အဘူဒါဘီမြို့တော်မှာ ကျင်းပတဲ့ ဝန်ကြီးများအစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။ 

"ကျွန်တော်တို့ရဲ့ ခရီးသွားလာရေးကဏ္ဍဝင်ငွေဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ဒါဟမ် ၁၉ ဘီလျံ (ဒေါ်လာ ၅.၂ ဘီလျံ) ကျော် ရခဲ့ပါတယ်။ ဟိုတယ်ဧည့်သည်စုစုပေါင်း အရေအတွက်ဟာ ၁၂ သန်းအထိ ရောက်ရှိလာပြီး နှစ်အလိုက်ဖွံ့ဖြိုးမှု ၄၂% ရှိလာပါတယ်။ ဒီနှစ် ဆောင်းရာသီမှာ ခရီးသွားလာရေးတွေ ပိုအားကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။" လို့လည်း ရှိတ်ခ်မိုဟာမက်က ပြောပါတယ်။ 


၂၀၂၂ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလထဲမှာ ယူအေအီးနဲ့ အိမ်နီးချင်း ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပွဲကို အိမ်ရှင်အဖြစ် ဧည့်ခံကျင်းပတော့မှာပါ။ ကမ္ဘာ့အကြီးဆုံးဘောလုံးဖလားအတွက် တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာအိုး သန်းနဲ့ချီ လာလည်နိုင်ပါတယ်။ ဒူဘိုင်းမြို့တော်ဟာ ကာတာကမ္ဘာ့ဖလားကို အကြောင်းပြုပြီး ကမ္ဘာလှည့်ခရီးသွားသိန်းနဲ့ချီ ဝင်ရောက်လာဖို့ မျှော်လင့်ထားပါတယ်။ ဒူဘိုင်းလေဆိပ်ဟာ ကပ်ရောဂါဘေးမတိုင်ခင် နိုင်ငံတကာခရီးသွားလာရေးမှာ ကမ္ဘာ့အလုပ်အများဆုံးလေဆိပ်ဖြစ်ခဲ့ပြီး ဒီနှစ်နှစ်ဝက်အတွင်းမှာလည်း ခရီးသည် ၂၇.၈ သန်းကို ဝန်ဆောင်မှုပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

မက်သရူးစ် နဲ့ ဟန်ဒါဆင်တို့ရဲ့ အဆိုအရ Moon Dubai ဟာ အရှေ့အလယ်ပိုင်း နဲ့ မြောက်အာဖရိကဒေသတွင်း ခေတ်သစ်ခရီးသွားရေးစီမံကိန်းထဲမှာ အကြီးဆုံးနဲ့ အအောင်မြင်ဆုံးအဆောက်အဦ ဖြစ်လာမယ်လို့လည်း ပြောထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က