Open Source စာရင်းဇယားနဲ့ ပြရမယ်လို့ ပြောပါတဘ်။

UN ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ညျွန်ကြားရေးမှူး ပြောသလို ဒေါ်လာ ၆ ဘီလျံနဲ့ကမ္ဘာ့အငတ်ဘေးပြဿနာကို ဖြေရှင်းနိုင်မယ့်အကြောင်း သက်သေပြနိုင်ရင် Tesla ကားကုမ္ပဏီက သူ့ပိုင်ရှယ်ယာတွေ ရောင်းပြီး လှူမယ်လို့ Tesla သူဌေး အီလွန်မတ်စ်က ပြောပါတယ်။


ကမ္ဘာ့အငတ်ဘေးပြဿနာအတွက် ဘီလျံနာတွေဆီက ဒေါ်လာ ၆ ဘီလျံပဲ လိုပြီး ဒါဟာ အီလွန်မတ်စ်ပိုင်ဆိုင်တာရဲ့ ၂% လောက်ပဲ ရှိတယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ညွှန်ကြားရေးမှူး ဒေးဗစ်ဘီးစလေက CNN ရဲ့ Connect The World အစီအစဉ်မှာ ပြောခဲ့ပြီးနောက် မတ်စ်က သူ့ရဲ့ Twitter အကောင့်ကနေ ပြန်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ 




"တကယ်လို့ WFP ဟာ ဒေါ်လာ ၆ ဘီလျံနဲ့ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုကို ဘယ်လိုဖြေရှင်းနိုင်မယ်ဆိုတာကို ဒီ Twitter thread မှာ အတိအကျ ဖော်ပြနိုင်ရင် ကျွန်တော်ပိုင်တဲ့ Tesla ရှယ်ယာတွေ အခုပဲ ရောင်းလှူလိုက်မယ် "လို့ သူက ပြောပါတယ်။ "တစ်ခုတော့ရှိတယ်။ လူထုက ဒီငွေတွေကို ဘယ်လို သုံးနေသလဲ အတိအကျသိအောင် ဒါကို အများမြင်သာအောင် Open Source စာရင်းနဲ့ဇယားနဲ့ ပြရမယ်။ "

CNN Business သတင်းမှာ ဖော်ပြတဲ့ "အီလွန်မတ်စ်ရဲ့ချမ်းသာမှု ၂% လောက်နဲ့ ကမ္ဘာ့အငတ်ဘေးအဖြေရှာနိုင်တယ်လို့ UN စားနပ်ရိက္ခာညွှန်မှူးပြော"ဆိုတဲ့ သတင်းအောက်မှာ Twitter သုံးစွဲသူတစ်ဦးဖြစ်တဲ့ AI ပညာရှင်ဒေါက်တာအယ်လီဒေးဗစ်က "၂၀၂၀ မှာ UN WFP ဟာ ဒေါ်လာ ၈.၄ ဘီလျံ ရံပုံငွေရခဲ့ပြီး ဘာကြောင့် ကမ္ဘာ့အငတ်ဘေးကို မဖြေရှင်းနိုင်ခဲ့တာလဲ"လို့ ရေးထားပါတယ်။ 

WFP ညွှန်ကြားရေးမှူး ဘီးစလေက ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတွေအနေနဲ့ သူတို့ပိုင်ငွေထဲက တစ်ကြိမ်တည်းနဲ့ များများလှူပြီး အငတ်ဘေးဆိုက်နေတဲ့ လူသန်းပေါင်းများစွာကို လှူကြဖို့ ပြောခဲ့တာပါ။ ဒီလို ပြောချိန်မှာ Tesla သူဌေး အီလွန်မတ်စ်နဲ့ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်တို့ရဲ့ နာမည်ပါ ထုတ်ဖော်ပြောဆိုပြီး အလှူခံခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော်တို့ မလှူနိုင်ရင် ငတ်သေနိုင်တဲ့လူ ၄၂ သန်း ရှိတယ်"လို့လည်း ဘီးစလေက ပြောခဲ့ပါတယ်။

Photo: Detroit News

လက်ရှိ Bloomberg Billionaires Index အညွှန်းအရ အီလွန်မတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံး ဖြစ်ပြီး ခန့်မှန်းခြေ အသားတင်ဒေါ်လာ ၃၁၁ ဘီလျံခန့် ပိုင်မယ်လို့ ယူဆထားပါတယ်။ သမိုင်းမှာ ဒေါ်လာ ဘီလျံ ၃၀၀ ကျော် ပိုင်ဆိုင်တဲ့ ပထမဆုံးသက်ရှိလူသားလို့ ဆိုရမှာပါ။ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဖ်ဘီဇော့ထက်တောင် အနည်းဆုံး‌ ဒေါ်လာဘီလျံ ၁၀၀ လောက် ပိုပြီး ချမ်းသာနေတာ ဖြစ်ပါတယ်။ 

ဒေါ်လာ ၆ ဘီလျံသာ ကမ္ဘာ့အငတ်ဘေးကို တကယ်ဖြေရှင်းနိုင်မယ်လို့ WFP ဘက်က သက်သေပြနိုင်ရင်တော့ Twitter ပေါ်မှာ တရားဝင်ကြေညာခဲ့သလို အီလွန်မတ်စ်အနေနဲ့ လွယ်လွယ်လေး လှူဒါန်းသွားဖို့ ရှိပါတယ်။ 

Share

Loading Next Article...
က္က