AI features သစ်တွေနဲ့ custom chip သုံးထားတဲ့ Samsung အဆင့်မြင့်ဖုန်းတွေ လာပါပြီ။

မနေ့က Galaxy Unpacked ပွဲမှာ Samsung က Galaxy S25 , S25+ နဲ့ S25 Ultra ဆိုပြီး မော်ဒယ်သုံးမျိုး ကြေညာသွားတာပါ။ Samsung ရဲ့ ကိုယ်ပိုင် Galaxy AI suite နဲ့ လာတဲ့ ဖုန်းတွေ ဖြစ်ပြီး S25 စီးရီးမှာ ဖုန်းတစ်လုံးကို ဒီဂျစ်တယ် PA တစ်‌ယောက် ပိုဆန်လာမယ့် နည်းပညာတွေ သုံးလာပါတယ်။

ဥပမာ - AI ကို ကိုယ်ကြည့်ချင်တဲ့ ဘောလုံးအသင်းရဲ့ ပွဲချိန်ဇယားရှာခိုင်းထားပြီး ကိုယ့် calendar ထဲမှာ ထည့်ခိုင်းတာမျိုး ၊ အနီးနားက တိလေးတွေ ထားလို့ရတဲ့ စားသောက်ဆိုင်လိပ်စာ AI ကို ရှာခိုင်းပြီး contact ထဲ ပို့ခိုင်းတာမျိုးတွေ လုပ်လို့ရမှာပါ။ AI ခေတ်မှာ ဖုန်းကို AI device တစ်ခုလို အဆင့်မြှင့်လာတာလို့ ဆိုနိုင်ပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ Ultra က လွဲရင် ကျန်တဲ့ base နဲ့ plus ‌မော်ဒယ်က အတူတူပါပဲ။ flat body နဲ့လာပြီး screen size ကိုလည်း အရင် S24/S24+ လိုမျိုး ၆.၂ လက်မနဲ့ ၆.၇ လက်မစီပဲ သုံးပါတယ်။ base model က FHD+ Dynamic AMOLED 2X display ၊ Plus တန်းက QHD+ ရုပ်ထွက်နဲ့ပါ။ နှစ်မျိုးလုံး LTPO OLED panel နဲ့ လာပါတယ်။

Galaxy ဖုန်းသစ် သုံးမျိုးလုံးက custom Snapdragon 8 Elite ပဲ သုံးပါတယ်။ အရင်မျိုးဆက်ထက် CPU , GPU နဲ့ NPU စွမ်းရည် ၃၇% , ၃၀% နဲ့ ၄၀% စီ မြန်တဲ့ processor ပါ။ Galaxy S25 တွေမှာ အရင်လို 8GB မဟုတ်တော့ဘဲ RAM 12GB က စပါတယ်။ ဖုန်းစွမ်းဆောင်ရည် မြင့်နေစေဖို့ ၄၀% ပိုကြီးတဲ့ VC cooling နဲ့ အထူးထုတ် အပူခံ material တွေ သုံးလာတယ်လို့ ဆိုပါတယ်။


ရိုးရိုးနဲ့ plus မော်ဒယ်ရဲ့ ကင်မရာ sesnor မော်ဒယ်တွေအကြောင်း တော့ သေချာမသိရသေးပါဘူး။ အရင်မော်ဒယ်တေလို 50MP Main , 10MP 3x telephoto နဲ့ 12MP Ultrawide နဲ့ 12MP selfie ကင်မရာတွေပဲ သုံးမယ့်ပုံပါ။ ၆.၉ လက်မဆိုဒ် Ultra မော်ဒယ်မှာတော့ 200MP main camera , 50MP 5x telephoto , 10MP 3x midrange zoom ကင်မရာတွေနဲ့အတူ 50MP Ultrawide ကင်မရာသစ်ပါ ထပ်သုံးလာပါတယ်။

ဘက်ထရီပါဝါကို S25 (4000mAh, 25W charging ) နဲ့ S25+ (4900mAh , 45W Charging) သုံးထားပြီး နှစ်မျိုးလုံး 15W Qi wireless charging ပါလာပါတယ်။ Ultra တန်းမှာတော့ 5000 mAh ဘက်ထရီ သုံးထားပါတယ်။ ဒီမော်ဒယ်တွေအကုန်လုံး OneUI 7 သစ်နဲ့ လာပြီး Android Update ၇ နှစ် ရမှာပါ။

Galaxy S25 (128GB) ၇၉၉ ဒေါ်လာ ၊ S25 Plu (256GB) ၉၉၉ ဒေါ်လာနဲ့ Galaxy S25 Ultra (256GB) ကို ၁၃၀၀ ဒေါ်လာ ဈေးတွေကနေ စတင်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ စဝယ်နိုင်မှာပါ။ PreOrder မှာသူတွေအတွက် ဒေါ်လာ ၁၂၅၀ အထိ သက်သာခွင့်နဲ့ အမေရိကန်မှာဆို ‌ဒေါ်လာ ၅၀၀၀ credit ကံစမ်းခွင့်ပါ ရမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က