ဖျော်ဖြေရေး အသားပေး Pad X9 ကို စပီကာ ၆ လုံးနဲ့ ကြေညာထားတာပါ

တန်ဖိုးသင့် တက်ဘလက် တစ်လုံးတွက် စွမ်းဆောင်ရည် အသင့်တင့်ရှိပြီး ဘက်စုံသုံးဖို့ ရယ်ဒီကို ဒေါ်လာ နှစ်ရာ ပေးရမယ်ဆိုရင် ဘယ်လို သဘောရလဲ?

ကျယ်ပျံ့တဲ့ ၁၁ လက်မခွဲ မျက်နှာပြင်က ရုပ်ရှင်ကြည့်ဖို့ ကောင်းမွန်ရုံမက အွန်လိုင်းကတဆင့် စာသင်မယ် ၊ တက်ဘလက်သုံးပြီး စာရေး ဝါသနာပါသူအဖို့ အံကိုက်ပဲလို့ မြင်တယ်။

120Hz Refresh Rate နဲ့ဆိုတော့ လျင်မြန်ချောမွေ့တဲ့ အထိတွေ့ကို လက်ချောင်း ထိပ်ဖျားမှာ ခံစားနိုင်ပြီး ပေါ့ပေါ့ပါးပါး ဂိမ်းဆော့ဖို့ စဥ်းစားနိုင်ပါတယ်။

တန်ဖိုးသင့် တက်ဘလက်တွေမှာ Resolution ပိုင်း အားနည်းတတ်ပေမယ့် ခုကြေညာလိုက်တဲ့ Pad X9 မှာ 2000 x 1200p Resolution ပါတာမို့ ကျစ်လျစ်မှုရှိတဲ့ ရုပ်ထွက်ကို မြင်ရပြီး 120Hz Refresh Rate နဲ့ဆို မဆိုးပါဘူး။

Honor အဆိုရ IPS LCD Panel ဟာ 100% sRGB ပေးတယ်ဆိုတော့ $200 တန် Pad X9 တွက် Display ပိုင်း ဝိတ်မခိုထားဘူး ပြောရမယ် ၊ ဒီ တက်ဘလက်ကို ဖျော်ဖြေရေး သီးသန့် ပြောရမယ့် နောက်တစ်ချက်က စပီကာ ၆ လုံး သုံးထားတာပါ။

စပီကာ ၆ လုံး ပါလို့ ပိုစွာမယ် ဆိုတာထက် အသံ ပတ်လည်စနစ် Surround Sound ကို ၃၆၀ ဒီဂရီ ထုတ်ပေးဖို့ပါ ၊ ဒါကြောင့် အသံပိုင်း အားစိုက်ထားတယ်လို့ သုံးသပ်ရပြီး Histen Tech နဲ့ အားဖြည့်ထားတယ်လို့ သိရပါတယ်။

တက်ဘလက်ရဲ့ အရေးကြီးဆုံး SoC ပိုင်း Snapdragon 685 Mid-range Chip နဲ့ မောင်းနှင်ပေးထားပြီး Android 13 ကို အခြေခံထားတဲ့ MagicOS 7.1 နဲ့ တွေ့ရမှာပါ။

Pad X9 ဟာ 495g အလေးချိန် ရှိပြီး 6.9mm အထူရှိတဲ့ တက်ဘလက်ပါ ၊ သတ္ထု ကိုယ်ထည်သာ သုံးထားတဲ့ Pad X9 မှာ 7,250 mAh Battery ပါပြီး Charging Rate ကိုတော့ မသိရပါဘူး။

ကင်မရာပိုင်းတွက် 5MP နှစ်လုံး ထည့်ပေးထားပြီး $200 တန် တက်ဘလက်မှာ 4GB RAM နဲ့ 128GB Storage သုံးထားပါတယ်။

မီးခိုးရောင် တမျိုးထဲနဲ့ Honor Pad X9 ကို ဇူလိုင် ၁၉ မှာ ရောင်းမယ်လို့ သိရပြီး ဇူလိုင်လတွင်း ဝယ်ရင် Honor Earbuds X5 လက်ဆောင်ပေးမယ် ဆိုထားပါတယ်။

Source: GSMArena

Share

Loading Next Article...
က္က