ခိုးခံရတဲ့ Password နဲ့ Login အချက်လက်တွေကို $70 Million နဲ့ လဲဖို့ အကြပ်ကိုင် ခံရတာပါ

တရုတ် Semiconductor ထုတ်လုပ်သူကြီး TSMC Cyberattack ခံရပြီး ဒေတာ ပေါက်ကြားမှု ဖြစ်ခဲ့ပါတယ် ၊ Breach ခံရတဲ့ထဲ ပါသွားတဲ့ Data နဲ့ ပတ်သက်လို့ သုံးစွဲသူ အချက်လက် လုံခြုံမှု ရှိကြောင်း ၊ ကုမ္ပဏီ အနေနဲ့ လုပ်ငန်း ပုံမှန် လည်ပတ်နေကြောင်း ဆိုထားပေမယ့် နောက်ဆက်တွဲ သတင်းက စိတ်ဝင်စားစရာပါ။

အဲ့ဒါက Cyberattack ကို လှုပ်ရှားခဲ့တဲ့ Hacker အုပ်စုဟာ Login Data ရောင်းစား ပစ်မယ်လို့ ပြောရေးဆိုခွင့်ရှိသူ အရ သိရပြီး Server Setup နဲ့ Configuration ပိုင်းကို ပစ်မှတ် ထားခဲ့တာလို့ ပြောထားပါတယ်။

ဒါကြောင့် လုပ်ငန်းပိုင်း ပုံမှန် လည်ပတ်နေတယ်လို့ TSMC ထုတ်ပြန်ခဲ့သလို Cyberattack ဖြစ်နေစဥ်အတွင်း Data Exchange လုပ်နေတာကို ရပ်တန့်နိုင်ခဲ့တယ် ၊ ဒိထဲမှာ Supplier တချို့ ပါဝင်နေပြီး Security Protocol နဲ့ ပုံမှန် Operation လုပ်တဲ့ Procedure တို့ Data Exchange လုပ်တဲ့ ဖြစ်စဥ်မှာ ပါနေခဲ့တယ်လို့ သိရပါတယ်။

It’s Self-piloted Cyberattack

အခုလို တိုက်ခိုက်မှုမျိုးကို Lockbit Ransomware လို့ နောက်တမျိုး ခေါ်သလို သူတို့ ရည်ရွယ်ချက်ကိုက User Access ကို ပိတ်မယ် ၊ သူတို့လိုချင်တဲ့ Target ရတာနဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ရက်ထဲဝင်ပြီး Access မှန်သမျှ Ransomware လိုက်ဖြန့်ပြီး ကိုယ်တိုင် Encrypt လုပ်ထားတဲ့ Access နဲ့ Exchange Data တွေကို Ransom Payment အနေနဲ့ ရယူတာပါ။

များသောအားဖြင့် Lockbit တိုက်ခိုက်မှုမျိုးက အဖွဲ့စည်း အကြီးတွေနဲ့ လုပ်ငန်းစုတွေကိုသာ သားကောင် အဖြစ် ရွေးချယ်လေ့ရှိပြီး လုပ်ငန်းပိုင်း ရပ်တန့်ပစ်တာ ၊ ငွေလမ်းကြောင်း ပြောင်းပစ်တာနဲ့ ခံရသူဖက်က သဘောမတူဘူးဆိုရင် Blackmail ဆက်တိုက်ပို့ပြီး ခြိမ်းခြောက် အကြပ်ကိုင်တာမျိုး လုပ်တတ်ပါတယ်။

ဒါကြောင့် TSMC တိုက်ခိုက် ခံရမှုကို သုံးသပ်ရရင် Lockbit လက်ချက်လို့ ပြောထားသလို တကယ်လို့ ဒေါ်လာ သန်း 70 မပေးဘူးဆိုရင် ခိုးယူထားတဲ့ ဒေတာတွေနဲ့ သက်ဆိုင်တဲ့ Password နဲ့ Login အချက်လက်တွေ ပေါက်ကြားပစ်မယ်လို့ အကြပ်ကိုင်ခံရတာပါ။

ကုမ္ပဏီ အဆိုရ ခိုးယူခံရတဲ့ ဒေတာတွေဟာ Kinmax Technology မှ နွယ်လာပြီး Networking ၊ Cloud Computing ၊ Storage နဲ့ TSMC နဲ့ သက်ဆိုင်တဲ့ Data Management ပိုင်းက ဟာတွေပါ။

အခုဆိုရင် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ Cybersecurity ဆိုင်ဘာ လုံခြုံရေး Expert တွေနဲ့ ပူးတွဲ စစ်ဆေးနေပြီး နည်းလမ်း တဖုံနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေပုံရပါတယ်။

TSMC တိုက်ခိုက်ခံရမှု က Tech Industry နည်းပညာ ကုမ္ပဏီကြီးတွေကိုပါ စိုးရိမ် သောက ဖြစ်စေခဲ့ပြီး ဆိုင်ဘာ လုံခြုံရေးနဲ့ ပတ်သက်လို့ အားနည်းမှု ရှိတာကို ဖော်ပြလိုက်တဲ့ ဖြစ်ရပ်လို့ ကျွမ်းကျင်သူတချို့ သုံးသပ်ထားပါတယ်။

ကုမ္ပဏီ အနေနဲ့ အရေးတယူ ဆောင်ရွက်ဖို့ လိုတဲ့ အချက်ကို Cyberattack ဖြစ်နေစဥ် Data Exchange လုပ်နေတာကို ရပ်တန့်နိုင်ခဲ့တာ ၊ အလားတူ ဖြစ်ရပ်မျိုး ထပ်မကြုံရဖို့ လုံခြုံရေး ထပ်အားဖြည့်ဖို့ Protocol အသစ်တွေနဲ့ ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်း Lockbit သားကောင် ဖြစ်ခဲ့တဲ့ TSMC ပြောခဲ့ပါတယ်။

Source: Gizmochina

Share

Loading Next Article...
က္က