2023 ဒုတိယ နှစ်ဝက် ထုတ်ပြန်ချက်အရ Apple ကုမ္ပဏီဟာ ကမ္ဘာ့ ပထမဆုံး ဒေါ်လာ သုံးထောင် ဘီလီယံ (သုံး ထရီလီယံ) တန် နည်းပညာ ကုမ္ပဏီ ဖြစ်သွားခဲ့ပြီလို့ သိရပါတယ်။
ဒီသတင်းကို Reuters မှ ဖော်ပြထားပြီး Apple ရှယ်ယာ မြင့်တက်ခဲ့တဲ့ နောက်ကွယ် အကြောင်းပြချက်မှာ ရင်းနှီးမြုပ်နှံသူ မျက်စေ့ကြနေတဲ့ AI ကြောင့်လို့ သိရပါတယ်။
Apple ထုတ်ပြန်ခဲ့တဲ့ 2023 ဒုတိယ သုံးလပတ် (ဧပြီ ၊ မေ ၊ ဇွန်) ရလာဒ်အရ စုစုပေါင်း $94.8 ဘီလီယံ ဝင်ခဲ့တဲ့ ပမာဏဟာ ကျွမ်းကျင်သူတွေ သုံးသပ်ထားတာထက် 4.4% ပိုများနေခဲ့ပြီး အဆိုပါ ပမာဏထဲမှာ iPhone တွေကို $51.3 ဘီလီယံဖိုး ရောင်းခဲ့ရတယ် ၊ ပြီးခဲ့တဲ့ ကွာတားနဲ့ဆိုရင် 1.5% ပိုများတယ်လို့ သိရပါတယ်။
ဇွန်လ 30 ရက်နေ့ Refinitiv Eikon ဖော်ပြလိုက်တဲ့ Data အရ တန်ကြေး ဒေါ်လာ ဘီလီယံ 3,050 နဲ့ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ 20 မှာ နံပတ်တစ်နဲ့ Apple ဦးဆောင်နေပြီး ဒုတိယ Position ကို Microsoft က ဒေါ်လာ ဘီလီယံ 2,532 ၊ တတိယ Position ကို Saudi Aribia ရေနံ ကုမ္ပဏီက ဒေါ်လာ ဘီလီယံ 2,080 နဲ့ အသီးသီး နေရာယူထားပါတယ်။
ဒီထဲမှာ ထူးထူးခြားခြား ဖော်ပြလိုတာ Nvidia Corp နဲ့ Tesla Inc ပါ။ PC Industry ဖက်က ပထမဆုံး တစ်ထရီလီယံတန် ကုမ္ပဏီ ဖြစ်ခဲ့တဲ့ Nvidia Corp ဟာ ဇွန် 30 မှာ ဒေါ်လာ ဘီလီယံ 1,044.9 နဲ့ နံပတ် ၆ နေရာ ရောက်လာခဲ့ပြီး AI နဲ့ ပတ်သက်လို့ Data Center ပိုင်း ရင်းနှီးမြုပ်နှံမှု ပိုများလာလို့ ကုမ္ပဏီ တန်ကြေး မြင့်သွားတာလို့ ကျွမ်းကျင်သူတွေ ဆိုထားပါတယ်။
အလားတူ TSLA အနေနဲ့ မားကတ် ရှယ်ယာတန်ဖိုး 28% ခုန်တက်သွားခဲ့တဲ့ နောက် Elon Musk တစ်ယောက် ကမ္ဘာ့ အချမ်းသာဆုံး Title ပြန်ရခဲ့ပါတယ်၊ နောက်ကွယ် အကြောင်းပြချက်ကို AI နည်းပညာသုံး Tesla ကားတွေကို စိတ်ဝင်စားမှု မြင့်တက်နေတာကြောင့် နံပတ် ၉ နေရာကို ရောက်လာခဲ့တာလို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
Source: Reuters