ကိုဗစ်ကာလမှာ သုံးစွဲသူ ၄ ဆ တိုးလာတယ်လို့ဆိုပါတယ်

ပြည်တွင်းနည်းပညာအခြေပြု HR လုပ်ငန်းတစ်ခုဖြစ်တဲ့ Better Technologies ဟာ ဒေါ်လာသိန်းနဲ့ချီ ရင်းနှီးမြှပ်နှံမှု ရခဲ့တယ်လို့ ဆိုပါတယ်။ 

Cloud အခြေပြု HR Startup တစ်ခုဖြစ်တဲ့ Better Technologies (Better HR) ဟာ လက်ရှိရင်းနှီးမြှပ်နှံသူတွေအပြင် ရင်းနှီးမြှပ်နှံသူအသစ်တွေဆီကပါ ဒေါ်လာသိန်းနဲ့ချီ ရင်းနှီးမြှပ်နှံမှု ရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ Better HR ဆော့ဖ်ဝဲလ်နဲ့ app ဟာ ဝန်ထမ်းများ ရုံးတက်/ရုံးဆင်းချိန် မှတ်တမ်းတင်ခြင်း ၊ ခွင့်ယူခြင်း ၊ အချိန်ပိုဆင်းခြင်းနဲ့ လစာတွက်ချက်ခြင်း စတဲ့ HR လုပ်ငန်းစဉ်တွေကို နည်းပညာအကူအညီနဲ့ မြန်ဆန်သွက်လက်အောင် အသေးစားနဲ့အလတ်စားကုမ္ပဏီတွေအတွက် ဝန်ဆောင်မှုပေးနေတာပါ။ 





Better HR ဝန်ဆောင်မှုကို မြန်မာ ၊ သီရိလင်္ကာ ၊ ဗီယက်နမ်နိုင်ငံတွေမှာ ရှိတဲ့ လုပ်ငန်းပေါင်း ၂၀၀ ကျော်က ဝန်ထမ်း ၃၅၀၀၀ ‌ကျော်ကို HR လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ သုံးနေတယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်း COVID-19 ကပ်အတွင်းမှာ Better HR ဝန်ဆောင်မှုသုံးစွဲသူဦးရေ ၄ ဆအထိ ထိုးတက်လာတယ်လို့လည်း ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ Better HR မှာ Seed Myanmar Ventures ၊ Blibros ၊ nexlabs တို့က ရင်းနှီးမြှပ်နှံထားပါတယ်။

Better HR ဆော့ဖ်ဝဲကို ပြည်တွင်းနည်းပညာအေဂျင်စီတစ်ခုဖြစ်တဲ့ nexlabs က in-house ဆော့ဖ်ဝဲအဖြစ် ရေးဆွဲခဲ့ပြီးနောက် ၂၀၁၉ မှာ Seed Myanmar Ventures က ဒေါ်လာနဲ့သိန်းချီ ရင်းနှီးမြှပ်နှံခဲ့ရာကနေ Better Technologies Limited ကုမ္ပဏီအဖြစ် တည်ထောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 


Share

Loading Next Article...
က္က