နောက်လထဲမှာ လေလံတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Non-fungibel token လို့ ခေါ်တဲ့ NFT ဟာ အနုပညာ၊ ဗီဒီယိုကလစ်တွေ၊ ဂီတ၊ လက်တွေ့ကမ္ဘာမှာရှိတဲ့ပစ္စည်းတွေကို ပိုင်ဆိုင်ကြောင်းကိုယ်စားပြုတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ 


ရော်နယ်ဒိုရဲ့ NFT ကတ်တစ်ခုကို လာမယ့်နိုဝင်ဘာလအတွင်းပြုလုပ်သွားမယ့် လေလံပွဲတစ်ခုမှာ ဒေါ်လာတသန်းနဲ့ ရောင်းချသွားနိုင်ဖို့ မျှော်လင့်ထားကြောင်း လေလံပွဲကျင်းပမယ့် Bonhams က မျှော်လင့်နေပါတယ်။ Non-fungibel token လို့ ခေါ်တဲ့ NFT ဟာ အနုပညာ၊ ဗီဒီယိုကလစ်တွေ၊ ဂီတ၊ လက်တွေ့ကမ္ဘာမှာရှိတဲ့ပစ္စည်းတွေကို ပိုင်ဆိုင်ကြောင်းကိုယ်စားပြုတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ 



blockchain နည်းပညာကို အသုံးပြုထားတာဖြစ်ပြီး ငွေကြေးတော့မဟုတ်ဘူးလို့ ဆိုပါတယ်။ အခုလေလံတင်မယ့် ရော်နယ်ဒိုရဲ့ NFT ကိုတော့ Global Fantasy Football ကုမ္ပဏီဖြစ်တဲ့ Sorare က ရေးဆွဲပေးထားတာလို့ သိရပါတယ်။ NFT အတွင်းမှာဆိုရင် ဒေတာအချက်အလက်တွေကို ထည့်သွင်းထားတာဖြစ်ပြီး ရုပ်ပုံတပုံ၊ သီချင်းတပုဒ်၊ Tweet တခု၊ ဝက်ဘ်ဆိုက်တစ်ခုက Text Post အစရှိတဲ့ ဒစ်ဂျစ်တယ်ဖွဲ့စည်းပုံအမျိုးမျိုး ပါဝင်နေနိုင်တာဖြစ်ပါတယ်။ 

ဒီဘက်နှစ်တွေမှာတော့ NFT တွေက ခေတ်စားလာခဲ့ပြီး ဒီနှစ်အတွင်း မတ်လကပဲ NBA ကြယ်ပွင့် လီိ်ဘရွန်ဂျိမ်းစ်ရဲ့ ဗီဒီယိုကလစ်တစ်ခုထည့်သွင်းထားတဲ့ NFT ကတ်ကို ဒေါ်လာတစ်သိန်းခုနှစ်သောင်းကျော်နဲ့ ရောင်းချခဲ့ရပါတယ်။ အခုရောင်းချသွားမယ့် ရော်နယ်ဒိုရဲ့ NFT ကတ်ထဲမှာတော့ ဘာပါဝင်မလဲဆိုတာ အတိအကျမသိရသေးပါဘူး။

"ရော်နယ်ဒိုကတ်ကို ရောင်းချတာက ကျွန်တော်တို့အတွက် ပထမဆုံးဖြစ်ပေမယ့် NFT နဲ့ ဒစ်ဂျစ်တယ်အနုပညာနယ်ပယ်မှာ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကို ချဲ့ထွင်ပြီး အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်ထားတဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်၊ Sports Trading Cards တွေကို တန်ဖိုးဖြတ်ပြီး စုဆောင်းမှုက ရာစုနှစ်တစ်ခုကျော်ရှိနေပြီးသားပါ"


"အခု လေလံတင်မယ့် ရော်နယ်ဒိုကတ်ကတော့ ထူးခြားပါတယ်၊ မော်ဒန်ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအနေနဲ့ ဂိမ်းထဲမှာ အလိုချင်ဆုံးကတ်လို့ ပြောလို့ရပါတယ်" လို့ Bonham က Currency.com ကို ပြောဆိုခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က