ချန်ပီယံလိဂ်မှာလည်း ဆန်ချိုက ဂိုးသွင်းနိုင်ခဲ့သေးတာပါ။

ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုကတော့ မနေ့ညက ပီအက်စ်ဗွီနဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်မှာ အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် (၃) မိနစ်မှာတင် သွင်းယူပေးခဲ့ပါတယ်။​​ ဒီပွဲမှာလည်း ဒေါ့မွန်တို့ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။



ပထမအကျော့ ပီအက်စ်ဗွီ အိမ်ကွင်းမှာ တစ်ဂိုးစီ သရေကျခဲ့တာကြောင့် ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါခဲ့ပြီး အိမ်ရှင်ရော၊ ဧည့်သည်ရော အမှားခံလို့မရတဲ့ အနေအထားမျိုးမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆန်ချိုရဲ့ စောစောစီးစီး ဦးဆောင်ဂိုး သွင်းယူမှုက ဒေါ့မွန်အတွက် ဖိအားလျော့နည်းစေခဲ့ပါတယ်။
ဆန်ချိုဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ဝါဒါဘရီမင်နဲ့ ဘွန်ဒက်စ်လီဂါပွဲမှာ အသင်းအတွက် တစ်ကျော့ပြန် ဂိုးပေါက်စတွေ့ခဲ့တာပါ။ အဲ့ဒီနောက် အခုလိုမျိုးပဲ ချန်ပီယံလိဂ်မှာပါ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသင်းအတွက် နှစ်ပွဲဆက်တိုက် ဂိုးရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဆန်ချိုအတွက်တော့ ကံမကောင်းခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ဒီကစားသမားက ဒဏ်ရာရရှိသွားခဲ့ပြီး သူ့နေရာကို ဝါရင့်ကစားသမားကြီး မာကိုရူးစ်က လူစားဝင်ကစားခဲ့ပါတယ်။ အဲ့ဒီနောက် ဒေါ့မွန်အတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကို မာကိုရူးစ်ကပဲ ပွဲကစားချိန်မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၅) မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် ဒေါ့မွန်တို့ ပီအက်စ်ဗွီကို နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဆန်ချိုရဲ့ဒဏ်ရာကတော့ ဘယ်လောက်အထိ ပြင်းထန်တယ်ဆိုတာကို မသိရှိရသေးဘဲ ရာသီလက်ကျန်ပွဲအားလုံးကို မလွဲချော်ဖို့သာ ဆုတောင်းရတော့မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က