တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာတော့ ဒေါ့မွန်က ဖူလ်ရက်ဂ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဒေါ့မွန် နောက်တန်းက ခြေစွမ်းပြခဲ့သလို ပီအက်စ်ဂျီဘက်ကလည်း ဂိုးကံခေခဲ့တာကြောင့် ဒီလိုမျိုး ရလဒ်ထွက်ပေါ်ခဲ့တာပါ။



ဒေါ့မွန်တိုက်စစ်ပိုင်းက ဆန်ချို ခြေစွမ်းပြခဲ့သလို ဖူလ်ရက်ဂ်ကလည်း ပထမပိုင်းကတည်းက အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီဘက်က အမ်ဘာပေ၊ ဟာကီမီတို့ရဲ့ နှစ်ဆင့်ကန်ချက် တိုင်တွေ ထိထွက်ခဲ့တာကလည်း ကံဆိုးစေခဲ့ပါတယ်။

ဒါ့အပြင် ဒမ်ဘီလီကလည်း အပိုင်အခွင့်အရေးတစ်ကြိမ်ကို မိုးပေါ်ထောင်ကန်ခဲ့ပြီး ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ ဒီပွဲမှာ ပီအက်စ်ဂျီနောက်တန်းက မာကွင်ဟို့စ်၊ ဟာကီမီ၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ နူနိုမန်ဒက်စ်တို့နဲ့ လူစုံပွဲထွက်ခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာလည်း အမ်ဘာပေနဲ့ ဒမ်ဘီလီက ဦးဆောင်ခဲ့ပေမယ့် ဒေါ့မွန်နောက်တန်းနဲ့ ဂိုးသမားကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒေါ့မွန်ကတော့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲတွေမှာ ခြေစွမ်းပြနေကျအတိုင်း ပီအက်စ်ဂျီကိုလည်း သတိကြီးကြီးထားပြီး အနိုင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ချင်တယ်ဆိုရင် ဒုတိယအကျော့အိမ်ကွင်းမှာ သေချာပေါက် ပြန်လည် အနိုင်ယူဖို့ လိုအပ်နေပါပြီ။ ဒေါ့မွန်နောက်ခံလူ ဟမ်းမဲလ်ကတော့ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က