ဒေါ့မွန်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့ပါပြီ။

ပီအက်စ်ဂျီကတော့ မနေ့ညက ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာလည်း တစ်ဂိုးဂိုးမရှိနဲ့ ထပ်မံရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါပြီ။ ပထမအကျော့ ဒေါ့မွန်ကွင်းမှာလည်း ပီအက်စ်ဂျီတို့ ရှုံးခဲ့သေးတာပါ။



ဒေါ့မွန်ကွင်းမှာတုန်းက တိုက်စစ်မှူး ဖူလ်ရက်ဂ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ပီအက်စ်ဂျီတို့ အရေးနိမ့်ခဲ့တာပါ။ ဒုတိယအကျော့မှာတော့ ပီအက်စ်ဂျီတို့ အိမ်ကွင်းမှာ ပြန်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ဟမ်းမဲလ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ဒေါ့မွန်တို့ နိုင်ပွဲထပ်ရခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲသွားခဲ့ရတာပါ။ ကိုဗစ်ကာလအလွန်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပထမဆုံးတက်ခဲ့ဖူးတဲ့ ပီအက်စ်ဂျီတို့ ဒီနှစ်မှာလည်း ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်နိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

ဒါပေမယ့်လည်း ဒေါ့မွန်ဘက်က တည်ငြိမ်တဲ့ စုဖွဲ့မှု၊ ကစားဟန်တွေနဲ့ ပီအက်စ်ဂျီကို တုံ့ပြန်ခဲ့တာကြောင့် အခုလိုပဲ ဒေါ့မွန်တို့ကသာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာပါ။ ဒေါ့မွန်အတွက်တော့ (၂၀၁၃) ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန် တက်ရောက်ခဲ့တုန်းက ဒေါ့မွန်တို့ ပြည်တွင်းပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ပါတယ်။ အခုတစ်ကြိမ်မှာလည်း ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ရောက်နေတာကြောင့် ဒီတစ်ကြိမ် ဝင်ဘလေကွင်းမှာ ဘိုင်ယန်နဲ့ ဒေါ့မွန်တို့ ထပ်မံတွေ့ဆုံဦးမလား စောင့်ကြည့်ရတော့မှာပါ။

Share

Loading Next Article...
က္က