ဒီနှစ်ရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ ပြုလုပ်သွားခဲ့တာပါ။

ထိပ်တန်းအသင်းကြီးအများအပြားက အလိုရှိနေတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းဟာ သူတို့ရဲ့ ဒီနှစ်အတွက် ဘွန်ဒက်လီဂါအိမ်ကွင်းနောက်ဆုံးပွဲဖြစ်တဲ့ ဂရူသာဖက်နဲ့ပွဲမှာ အသင်းပရိသတ်တွေကို လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်သွားခဲ့ပါတယ်။ သူ့ရဲ့နှုတ်ဆက်ဟန်ဟာ ပုံမှန်နှုတ်ဆက်တာမျိုးမဟုတ်ဘဲ အသင်းကနေထွက်ခွာတော့မှာဖြစ်လို့ အပြီးတိုင်နှုတ်ဆက်တဲ့ဟန်မှာရှိနေတယ်လို့ The Sun က သုံးသပ်ခဲ့ပါတယ်။ 

ဟာလန်းရဲ့အေးဂျင့်ရွိုင်အိုလာကလည်း ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဖွင့်လှစ်ဖို့နိးကပ်လာချိန်မှာ သူ့ကစားသမားနဲ့ပတ်သက်ပြီး တောက်လျှောက်ဆိုသလိုပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။ ရီးရဲလ်အပါအဝင် ထိပ်သီးကလပ် ၅ သင်းက ဟာလန်းကို အလိုရှိနေတယ်လို့ ရွိုင်အိုလာက အတည်ပြုခဲ့ပြီး နော်ဝေတိုက်စစ်မှူးကလည်း အသင်းပြောင်းရွှေ့ချင်နေတယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။ 

ဒေါ့မွန်အသင်းအကြီးအကဲဖြစ်သူ ဂျိုအာချင်ဝတ်ဇ်ကီကလည်း "ရီးရဲလ်က သူ့ကို အရမ်းစိတ်ဝင်စားနေတယ်ဆိုတာ ကျနော်သိပါတယ်၊ နောက်ထပ်အလိုရှိနေတဲ့ အသင်းက ၂၅ သင်းလောက်ရှိနေပါသေးတယ်၊ ဒါပေမယ့် ရီးရဲလ်သေချာပေါက်ပါဝင်တယ်ဆိုတာကတော့ ကျနော်အတိအကျသိထားပြီးသားပါ၊ သူက စပိန်မှာ ပိုပြီးသင့်တော်မယ်ဆိုတာကိုလည်း သိပါတယ်"

"အင်္ဂလန်မှာကလည်း ကွဲပြားခြားနားတဲ့ကစားပုံရှိပါတယ်၊ ဒါကြောင့် သူ အသင်းမှာဆက်ရှိနေမယ်ဆိုတာကို ကျနော်တော့ သိပ်ပြီးတော့မထင်တော့ပါဘူး" လို့ ဂျာမန်သတင်းစာ Bild ကို ပြောဆိုခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီမှာ အသင်းအတွက် ၁၅ ပွဲသာ ကစးပေးထားပေမယ့် သွင်းဂိုးကတော့ ၁၉ ဂိုးအထိ ရရှိနေတာဖြစ်ပါတယ်။ 

သူနဲ့ ဒေါ့မွန်ကြားစာချုပ်မှာလည်း ဒီရာသီကုန်မှာ ပေါင်သန်း ၇၀ ပေးချေမယ့်အသင်းရှိပါက ရောင်းချဖို့ သဘောတူညီချက်ရှိထားပြီးဖြစ်ပါတယ်။ ရွိုင်အိုလာရဲ့ တွန်းအားပေးနေမှုတွေ၊ ဖန်တီးပေးနေမှုတွေက ဟာလန်းကို အသင်းပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးဖြစ်နေစေပြီး ကစားသမားရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေက အပြုအမူတွေကလည်း သံသယဖြစ်စရာကောင်းနေပါတယ်။ ဇန်နဝါရီမှာပဲ ထွက်ခွာမလား၊ ရာသီကုန်မှပြောင်းရွှေ့မလားဆိုတာကတော့ စောင့်ကြည့်ရဖို့ရှိနေပါတယ်။ 

Share

Loading Next Article...
က္က