ဝေါ့ဇ်ကီက ဆန်ချိုနောက်ကျတာကို ကာကွယ်ပေးခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး အလန်ရှီးယားဟာ ဒေါ့မွန် အမှုဆောင်အရာရှိချုပ် ဝေါ့ဇ်ကီကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဒေါ့မွန်ဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ သူတို့ရဲ့ ကစားသမားဟောင်း ဆန်ချိုကို အငှားနဲ့ ပြန်လည်ခေါ်ယူထားတာပါ။



ဆန်ချိုဟာ ယူနိုက်တက်မှာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် တန်ဟက်ခ်နဲ့ လူသိရှင်ကြား ပြဿနာတက်ခဲ့ပြီး အသင်းကြီး လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒီလိုမျိုး အဆင်မပြေမှုတွေကြားထဲမှာ ဆန်ချိုက တန်ဟက်ခ်ကို ပြန်လည်တောင်းပန်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ယူနိုက်တက်က အခုလိုမျိုးပဲ​ ဒီကစားသမားကို ရှင်းထုတ်ခဲ့တာပါ။ ဝေါ့ဇ်ကီကတော့ “ဆန်ချိုမှာ ပြဿနာတစ်ခုတည်းရှိပါတယ်။ အဲ့ဒါကတော့ နောက်ကျတာပါ။ သူက အရမ်းကို ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ပေမယ့် နောက်ကျတတ်ပါတယ်”
“ဒါပေမယ့် ကျွန်တော်တို့ ဒါကို လက်ခံပေးရပါမယ်။ သူ ဘောလုံး ဘယ်လိုကစားလဲဆိုတာကိုပဲ ကျွန်တော် ဂရုစိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရှီးယားကတော့ “နောက်ကျတဲ့ကိစ္စကို ကျွန်တော် နားမလည်ပေးနိုင်ပါဘူး။ ဒါက အရမ်းကို လေးစားမှုမရှိတာပါ။ လူအယောက် (၂၀) (၂၅) ယောက်လောက်က လေ့ကျင့်ခန်းဆင်းဖို့၊ အသင်းဘတ်စ်ကား ထွက်ဖို့ စောင့်နေရတာက ဘယ်လို လက်ခံပေးလို့ရမှာလဲ”
“တစ်ကြိမ်တစ်ခါလောက်က အဆင်ပြေပါတယ်။ ဒါပေမယ့် အကြိမ်ကြိမ်ဖြစ်လာရင်တော့ လက်ခံပေးလို့ မရပါဘူး။ ဘာလို့လူတိုင်းးက သူ့ကို ထိုင်စောင့်နေရမှာလဲ” လို့ ပြစ်တင်ဝေဖန် သွားခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က