စမိုင်းလ်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံဖို့ ICJ တရားရုံးရှေ့အထိ ကိုယ်တိုင်သွားရောက်ခဲ့တာ တွေ့ရပါတယ်။ သူ့ရင်ထဲက ခံစားချက်တွေကိုလည်း ဝေမျှ ပြောပြခဲ့ပါသေးတယ်။
Photo: Smile
သရုပ်ဆောင် စမိုင်းလ်ကတော့ အပြည်ပြည်ဆိုင်ရာ ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံဖို့အတွက် နယ်သာလန် ကို ရောက်ရှိနေတာဖြစ်ပါတယ်။
" ကျွန်မတို့ အခု ICJ တရားရုံးအရှေ့ကို ရောက်နေတာပါ။ တစ်ဖက်မှာတော့ ဆန့်ကျင်ကြတဲ့သူတွေ အများကြီးပါပဲ။ ဘာမှတော့ မလုပ်ပါဘူး။ ကျွန်မတို့ကတော့ အမေလာတဲ့ လမ်းကြောင်းမှာ ပန်းလေးတွေကိုင်ပြီး ထောက်ခံတယ်ဆိုတာကို လုပ်မှာပါ။ အေးအေးချမ်းချမ်းဖြစ်ဖို့ ငြိမ်းချမ်းစွာ ထောက်ခံတာပါ။ ဘာမှ မလုပ်ရရင်နေပါစေ ဒီအတိုင်းလေး လာအားပေးရတာ ကျေနပ်ပါတယ်" ဆိုပြီးတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Live လွှင့်ရင်း ပြောခဲ့တာပါ။
Photo: Smile
သရုပ်ဆောင် စမိုင်းလ်နဲ့ အတူ နာမည်ကျော် အစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ ကိုမောင်မောင်အေး တို့ကလည်း The Hague ကို ရောက်ရှိနေကြပါတယ်။ စမိုင်းလ်ကတော့ ကိုယ်တိုင်သွားရောက်အားပေးခဲ့တဲ့ ရင်ထဲက ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။
Photo: Smile
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒီအမှုအတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ICJ တရားရုံးမှာ အမှုစတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အမှုရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာလူမျိုး၊ တိုင်းရင်းသားလူမျိုးတိုင်းက သူမအတွက် အားပေးထောက်ခံပွဲတွေ ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။
Photo: Smile
သရုပ်ဆောင်စမိုင်းလ် (Smile) ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ အကြီးဆုံး သမီးက အနုပညာအလုပ်တွေ လုပ်နေပြီဖြစ်ပါတယ်။