လူငယ်တိုက်စစ်မှူးအေဘရာဟင်အနေနဲ့ နည်းပြလမ်းပတ်လက်ထက်မှာ အဓိကတိုက်စစ်မှူးအဖြစ်ပွဲ ထွက်ခွင့်ရနေသူလည်းဖြစ်ပါတယ်။
အားကစားရုပ်သံတင်ဆက်သူအဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်က စားသမားဟောင်းဖြစ်သူ ဖာဒီနန်အနေနဲ့ချဲလ်ဆီးအသင်းရဲ့လူငယ်တိုက်စစ်မှူးေ အဘ ရာဟင်အပေ ါ် ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ ဒရော့ဘာလက်သစ်ဖြစ်လာခဲ့ပြီလို့ BT Sports ရဲ့ ရုပ်သံအစီအစဉ်မှာ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။
လူငယ်တိုက်စစ်မှူးအေဘရာဟင်အနေနဲ့ ပရီးမီးယားလိဂ်တွင် ချဲလ်ဆီးအသင်းအတွက် သွင်းဂိုး ၇ဂိုး အထိသွင်းယူပေးထားခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း အသင်းအတွက်အရေးပါတဲ့သွင်းဂိုးကို ရယူ ပေးနိုင်ခဲ့တဲ့အတွက် ဖာဒီနန်က အခုလိုမှတ်ချက်ပြုချီးကျူးခဲ့တာပါ။
“ အေဘရာဟင်ရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုရမှာပါ။ ဘောလုံးစွမ်းရည်၊ အကွက်မြင်မှု၊ ပြို င်ဘ က်ကို လှည့်စားနိုင်တဲ့စွမ်းရည်တွေက သူ့ရဲ့သွင်းဂိုးတွေကို မြင်ရင်သိနိုင်ပါတယ်။ လိုင်လီဘက်ကို သွ င်းခဲ့တဲ့ ဂိုးက ဒရော့ဘာကိုပြန်မြင်လိုက်ရသလိုပါပဲ။ တကယ်ကို သေသပ်လွန်းပါတယ် ” လို့ ဖာဒီနန် က မှတ်ချက်ပြုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ဗလင်စီယာအသင်းကိုအရေးနိမ့်ခဲ့ပေ မယ့် လိုင်လီအသင်းကိုအနိုင်ရရှိခဲ့တဲ့အတွက် အုပ်စုတွင်းရပ်တည်မှုမှာအခြေအနေကောင်းတစ်ရပ်ကို ပိုင် ဆိုင်ခဲ့ပြီးလမ်းပတ်အနေနဲ့လည်း နည်းပြဘ၀ ပထမဦးဆုံးချန်ပီယံလိဂ်နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။
အေဘရာဟင်အနေနဲ့ ချဲလ်ဆီးကစားသမားဟောင်းများအပြင် ဘောလုံးသုံးသပ်သူအများစုရဲ့ချီးကျူး ခြင်းခံနေရတဲ့အပြင် ဥရောပဖလားခြေစစ်ပွဲကစားဖို့ရှိနေတဲ့ အင်္ဂလန်လက်ရွေးစင် အသင်းတွင်လည်း ရွေးချယ်ခံရဖို့ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။