ငှက်ပျောသီးမှည့်ကို နံရံမှာတိပ်ဖြင့်ကပ်ထားတဲ့ အနုပညာပြကွက် ဖြစ်ပါတယ်။

နာမည်ကြီး အနုပညာပြပွဲတစ်ခုအတွင်း အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ဖြင့် ရောင်းချခဲ့ရတဲ့ ငှက်ပျောသီးမှည့်တစ်လုံးကို နံရံမှာတိပ်ဖြင့်ကပ်ထားတဲ့ အနုပညာပြကွက်မှ ငှက်ပျောသီးမှည့်ကို အခြား အနုပညာရှင်တစ်ဦးက ခွာယူပြီး စားပစ်လိုက်ပါတယ်။

(Photo: The Blast)

လူရွှင်တော် (Comedian) လို့ အမည်ပေးထားတဲ့ ငှက်ပျောသီးမှည့်ကို နံရံမှာတိပ်ဖြင့်ကပ်ထားတဲ့ အနုပညာပြကွက်အား အီတလီ ပါဖောင်းမင့်အနုပညာရှင် (performance artist) Maurizio Cattelan ဖန်တီးတင်ဆက်ခဲ့တာဖြစ်ပြီး မိုင်ယာမီမြို့မှာ ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အထိ ခင်းကျင်းပြသထားတဲ့ Art Basel in Miami ပြပွဲရဲ့ Perrotin နိုင်ငံတကာပြခန်းမှာ ပြသထားခဲ့ပါတယ်။



ပြပွဲရက်အတွင်း ဝယ်ယူသူသုံးဦးက ကန့်သတ်အရေအတွက် ငှက်ပျောသီးအနုပညာကို ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ စနေနေ့ (ဒီဇင်ဘာ ၇ ရက်) မှာတော့ အခြား ပါဖောင်းမင့်အနုပညာရှင် တစ်ဦးဖြစ်သူ David Datuna က နံရံမှာတိပ်ဖြင့်ကပ်ထားတဲ့ ငှက်ပျောသီးကိုခွာယူပြီး အခွံနွှာကာ စားပစ်လိုက်ကြောင်း သိရပါတယ်။

(Photo: Eva Uzcategui/Reuters)

"ကျွန်တော် တင်ဆက်တဲ့ အနုပညာပြကွက်ပါပဲ၊ ကျွန်တော် Maurizio Cattelan အနုပညာလက်ရာကို နှစ်သက်ပါတယ်၊ ကျွန်တော် ဒီဖန်တီးတင်ဆက်မှုကို တစ်ကယ်ကြိုက်ပါတယ်၊ အရမ်းအရသာရှိတာပဲ" လို့ David Datuna က Instagram မှာ ရေးသားထားပါတယ်။

ငှက်ပျောသီးကို ခွာယူစားပစ်လိုက်တာကြောင့် ပြပွဲဝန်ထမ်းတစ်ဦးက ကနဦးမှာ ဒေါသထွက်ခဲ့ပေမဲ့ ငှက်ပျောသီး နောက်တစ်လုံးနဲ့ အလျင်အမြန် အစားထိုးခဲ့ပြီး အဆိုပါ အနုပညာပြကွက်မှ ငှက်ပျောသီးကို နောက်ထပ် လေလံတင်ရောင်းချခြင်း မပြုတော့ဘူးလို့ ဆိုပါတယ်။

(Photo: AFP)

ပြခန်းတာဝန်ရှိသူ Lucien Terras ကတော့ "David Datuna က အနုပညာလက်ရာကို ဖျက်ဆီးခဲ့တာ မဟုတ်ပါဘူး၊ ငှက်ပျောသီးက စိတ်ကူးပုံရိပ်ပါပဲ" လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာြပကွက်မှာ အစားထိုးထားတဲ့ ငှက်ပျောသီးကို ရဲတပ်ဖွဲ့က စောင့်ကြပ်ပေးခဲ့ကြောင်းလည်း သိရပါတယ်။ Art Basel ပြပွဲဟာ ကမ္ဘာ့အကျော်ကြားဆုံး ခေတ်ပြိုင်အနုပညာပြပွဲများအနက် တစ်ခုအပါအဝင်ဖြစ်တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။


Share

Loading Next Article...
က္က