ဒေါ့မွန်ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁ဝဝအထိ သတ်မှတ်ထားပါတယ်။

အသင်းတွင်းအဆင်မပြေမှုတွေ များပြားလာခဲ့တဲ့နောက် ဆန်ချိုက ဘွန်ဒက်လီဂါကလပ်အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည် သိရပါတယ်။


ဒေါ့မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့်ဆန်ချိုဟာ အသင်းကနေ ထွက်ခွာဖို့အတွက် ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။ ဒီရာသီမှာ အသင်းတွင်းအဆင်မပြေမှုတွေ များပြားလာခဲ့တဲ့နောက် ဆန်ချိုက ဘွန်ဒက်လီဂါကလပ်အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း Metro သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကို ၄-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲချိန် ၃၆ မိနစ်မှာပဲ လူစားလဲခံခဲ့ရတဲ့အပေါ် ဆန်ချိုက စိတ်ပျက်နေခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် သွားရောက်ကစားပေးပြီး ဒေါ့မွန်ကို ပြန်လာဖို့ ၂၄ နာရီနောက်ကျခဲ့တဲ့အတွက် ငွေဒဏ်နဲ့ ပွဲကစားခွင့်ပိတ်ပင်မှုကိုလည်း ခံခဲ့ရပြီးနောက် နည်းပြဖာဘရီနဲ့ ဆန်ချိုကြားမှာ ဆက်ဆံရေးက အေးစက်နေခဲ့ပါတယ်။

ဒီရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၁၁ပွဲသာ ကစားပေးထားရသေးပြီး သွင်းဂိုး ၄ဂိုးအထိ ဆန်ချိုက သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဆန်ချိုရဲ့ သတင်းက သူ့ကိုခေါ်ယူချင်နေတဲ့ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့ကို တပ်လှန့်မှုတစ်ခုဖြစ်လာခဲ့ပြီး အင်္ဂလန်ကြယ်ပွင့်ကို လက်ဦးမှုရယူနိုင်ဖို့ အပြိုင်အဆိုင်အားထုတ်ရတော့မှာလည်းဖြစ်ပါတယ်။

ဒေါ့မွန်ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁ဝဝအထိ သတ်မှတ်ထားပါတယ်။ အဆိုပါပမာဏကို ပေးချေဖို့အတွက် ဥရောပထိပ်သီးအသင်းတွေက အသင့်ရှိနေကြပြီး ကစားသမားဘက်ကသာ သေချာပေါက်ထွက်ခွာမယ်ဆိုပါက ခေါ်ယူသွားဖို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေကြတယ်လို့ သိရပါတယ်။

Share

က္က